ခွန်းမင်းထက်မှ

Thursday, February 25, 2010

နှုတ်ဆက်ခွင့်လေးပေးပါနော်.

ကလေးရေ..
ဆောင်းကုန်လို့ နွေတောင်ကူးလာပြီနော်...
ရာသီတွေပြောင်းပေမယ့်
အချစ်တွေမဟောင်းဘူးလို့ ဆိုခဲ့ဖူးတဲ့သစ္စာ..
ဘယ်ရာဇ၀င်မှာများ ကျန်ခဲ့လေသလဲနော်..
အေးမြတဲ့ဆောင်းတွင်းတည်းကစလို့
ရင်မှာမပြတ် ပူလောင်ခဲ့တဲ့ငါ..
နွေရောက်တဲ့အခါမှာတော့..
မီးတောက်များကိုဖြတ်ကျော်ရင်းနဲ့ပေါ့..
အရိပ်စစ်လေးတစ်ခုကိုမျှော်ကိုးလို့
ဓားတောင်ကိုကျော် မီးပင်လယ်ကိုဖြတ်မယ်လို့
တစ်ခါမှမဟစ်ကြွေးဖူးတဲ့ငါ..
နင်းလျှောက်နေတာက ကန္တာရဆူးပင်တွေ..
ကလေးရေ...
ငါကလေးစိတ်နဲ့တုန်းကတော့...
မင်းကငါ့ထက်ငယ်ပေမယ့်.. ကလေးချင်းမို့ စာနာတတ်တဲ့ငါ.
လူကြီးစရိုက်ကို ချက်ချင်းပြောင်းယူရတဲ့အခါ..
ပြတ်သားရက်စက်တတ်သွားတဲ့ငါ...
ငါ့ကိုယ်ငါတောင် မထင်ရက်ခဲ့ဘူးဟာ..
ငါတအားပြောင်းလဲသွားခဲ့သလို..
တအားလည်းဆုံးရှုံးခဲ့ရတယ်...
ငါနှမြောဆုံးအရာကလေ..
တချိန်တုန်းက ဖြူစင်လွန်းတဲ့..
ငါ့ရဲ့အချစ်တွေ နားလည်ပေးတတ်မှုတွေရယ်.
နင့်ဆီက ပြိုင်ဘက်ကင်းလှတဲ့ အကြင်နာတွေရယ်..
နင့်အတွက်ရည်ရွယ်ထားခဲ့ပေမယ့်..
နင့်ပယောဂနဲ့ မီးလောင်သွားခဲ့တဲ့..
ငါ့ရဲ့ လက်ဆောင်လေးရယ်ပါ...
တကယ်လို့သာ..
ဒါတွေအားလုံးဆုံးရှုံးရတာဟာ.. ငါမက်မောမိတဲ့အရိပ်စစ်အတွက်
ထိုက်တန်တဲ့ပေးဆပ်မှုတွေဆိုတာသာ
ငါစောစောကသိခဲ့ရင်..
အိုအေစစ်ကိုရည်မှန်းပြီးတော့ လောကကြီးကိုရင်ဘောင်တန်းခဲ့မိမှာမဟုတ်ဘူးကွာ..
ခုချိန်မှာတော့...
ကလေးရယ်..
ဖြစ်လေရာဘ၀တိုင်းမှာ.. ဝေးကွာခြင်းတွေကင်းရပါစေတော့နော်..
ဒီဘ၀ကလွဲရင်ပေါ့...

Tuesday, February 23, 2010

အတုနှင့်အတူ...

အစိုးရအတု
အဲဒီအတုကြီးအောက်မှာမှ
အပြုံးအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

ဥပဒေအတု
အဲဒီအတုကြီးအောက်မှာမှ
ဆုံးဖြတ်ချက်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

လွှတ်တော်အတု
အဲဒီအတုကြီးအောက်မှာမှ
အခြေခံမူအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

နိုင်ငံသားအတု
အဲဒီအတုကြီးအောက်မှာမှ
မှတ်ပုံတင်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

တော်လှန်ရေးအတု
အဲဒီအတုကြီးအောက်မှာမှ
ကြွေးကြော်သံအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

ဒုက္ခသည်အတု
အဲဒီအတုကြီးအောက်မှာမှ
ခံစားချက်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

အတုတွေကိုမှ
လိုက်လံတုပနေရဆဲ...။

တနေ့စစ်လာမလား
တနေ့မှန်လာမလားနဲ့
ထိုးလိုက်ရတဲ့ဖိုလ်...၊
ဝိဇ္ဇဓိုရ်တွေမှာ
ရင်ဘတ်ကြီးသာ
ဟောင်းလောင်းကျန်ခဲ့တယ်။

ဇော်မျိုးလွင်

အတုနှင့်အတူ...

* ယနေ့မြန်မာ
* ဧရာဝတီ
* ခေတ်ပြိုင်
* မဇ္ဈိမ
* ဘီဘီစီ
* ဒီဗီဘီ
* အာရ်အက်ဖ်အေ
* ဗီအိုအေ

Monday, March 24, 2008
“မိုက်ပါရစေ”
မိုက်ပါရစေ
“လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိမွဲခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ အမေနှင့် ငါမာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်အိမ်မှ ကိုယ့်အိမ်မှတ်ခြင်း၊ ကိုယ့်အကျိုးစီးပွားတခုတည်းကိုသာကြည့်ခြင်း၊
ရှေ့လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်းမသိခြင်းဖြစ်ပါမူ၊
အို-အချင်းတို့ ငါတို့သည် မလိမ္မာလိုပါပြီ။ မိုက်သာ မိုက်လိုပါ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့မိုက်ပါရစေ”
[တို့ဗမာအစည်းအရုံး ကြေညာစာတမ်း (၁) မှ]
(ကိုထိုက်၏ဘလော့ဂ်မှ ကူးယူဖေါ်ပြပါသည်။)
at 3/24/2008 10:00:00 PM
0 comments:

Post a Comment

Links to this post

Create a Link
Newer Post Older Post Home
Subscribe to: Post Comments (Atom)
Golden Revolution
Video Bar
powered by
"Know Thyself" (Socrates, 469- 399 BC)
My Photo

Zaw Lwin
Des Moines, Iowa, United States
"Always when you think you cannot make it anymore from out of nowhere come a little light. This little light will renew your strength and give you the energy to go one more step." (Elizabeth Kubler Ross)

View my complete profile
The Philanthropist
အတုနှင့်အတူ...
အစိုးရအတု
အဲဒီအတုကြီးအောက်မှာမှ
အပြုံးအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

ဥပဒေအတု
အဲဒီအတုကြီးအောက်မှာမှ
ဆုံးဖြတ်ချက်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

လွှတ်တော်အတု
အဲဒီအတုကြီးအောက်မှာမှ
အခြေခံမူအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

နိုင်ငံသားအတု
အဲဒီအတုကြီးအောက်မှာမှ
မှတ်ပုံတင်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

တော်လှန်ရေးအတု
အဲဒီအတုကြီးအောက်မှာမှ
ကြွေးကြော်သံအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

ဒုက္ခသည်အတု
အဲဒီအတုကြီးအောက်မှာမှ
ခံစားချက်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

အတုတွေကိုမှ
လိုက်လံတုပနေရဆဲ...။

တနေ့စစ်လာမလား
တနေ့မှန်လာမလားနဲ့
ထိုးလိုက်ရတဲ့ဖိုလ်...၊
ဝိဇ္ဇဓိုရ်တွေမှာ
ရင်ဘတ်ကြီးသာ
ဟောင်းလောင်းကျန်ခဲ့တယ်။

ဇော်မျိုးလွင်

Thursday, February 18, 2010

Can I Have this Dance

ပုဂ္ဂိုလ်ရေး အချက်အလက် လုံခြုံမှု မရှိခြင်းအပေါ် Google တောင်းပန်

ဂူဂဲလ် ကုမ္ပဏီက အသစ်တီထွင် လိုက်သည့် လူမှုရေးကွန်ရက် အင်တာနက် စာမျက်နှာ “Google Buzz” သည် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး အချက်အလက်များ လုံခြုံမှုမရှိခြင်းနှင့် ပတ်သက်၍ တောင်းပန်လိုက်သည်။

[လူမှုကွန်ရက် Google Buzz အကြောင်းကို မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)]

လူမှုကွန်ရက် Google Buzz အကြောင်းကို မိတ်ဆက်ပေးနေသော ဂူဂဲလ် တာဝန်ရှိသူများ (ဓာတ်ပုံ - Reuters)
Google Buzz ကို ဂျီမေးလ်မှ တဆင့် အသုံးပြုနိုင်ရန် စီစဉ်ထားပြီး ဂျီမေးလ်ဖြင့် မကြာခဏ ပြောဆို ဆက်သွယ်လေ့ ရှိသော လိပ်စာများကို Buzzက အလို အလျောက် အပြန်အလှန် ချိတ်ဆက် ပေးသည်။

ချိတ်ဆက် ထားသူများ ကြားတွင် တခြားဆက်သွယ် အသုံးပြုသူများ၏ မေးလ် လိပ်စာများကို ထပ်မံ မြင်တွေ့နိုင်ပြီး ဂျီမေးလ်တွင် ထည့်သွင်း ရေးသား ထားသည့် အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်းများ (Google Profile) ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

ဂျီမေးလ်နှင့် Buzz ထုတ်လုပ်ရေး မန်နေဂျာ Todd Jackon က “ကျနော် တို့ကြောင့် ဖြစ်ပျက်ခဲ့တဲ့ ကိစ္စတွေ အတွက် အလွန် စိတ်မကောင်း ဖြစ်မိပါတယ်၊ အသုံးပြုသူ တွေရဲ့ အကြံပြုချက် တွေကို အခြေခံပြီး ပိုကောင်းအောင် ကြိုးစား ဆောင်ရွက် နေပါတယ်၊ အကောင်းဆုံး အနေအထား မဟုတ်သေးဘူး ဆိုတာလည်း သဘော ပေါက်သွား ပါတယ်”ဟု ဆိုသည်။

ယခု ဖေဖော်ဝါရီလတွင် ဂူဂဲလ်က အသစ်ဖန်တီးလိုက်သည့် Google Buzz အား အသုံးပြုရန် ဂျီမေးလ် အသုံးပြုသူများကို စတင် ဖိတ်ခေါ်ခဲ့ပြီးနောက် အသုံးပြုသူများ၏ ပုဂ္ဂိုလ်ရေး မလုံခြုံမှုများရှိနေသည်ဟူသော ဝေဖန်ချက်များ ထွက်ပေါ်လာခဲ့သည်။

ဂူဂဲလ်က Google Buzzအသုံးပြုသူများ၏ မှတ်ချက် (Comment)၊ အခြား ဆက်သွယ်သော သူများကို မှတ်တမ်း တင်ထားမည့် အပြင် ဖုန်းဖြင့် Buzz ကို အသုံးပြုပါက အသုံးပြုသူ၏ ကိုယ်ရေး မှတ်တမ်း၊ ဓာတ်ပုံနှင့် တည်နေရာကို မှတ်သား ထားမည် ဖြစ်ကြောင်း Buzz ၏ မူဝါဒတွင် ရေးသားထားသည်။

နည်းပညာကို စိတ်ဝင် တစား လေ့လာနေသူ တဦးက “Buzz မှာ ကိုယ်နဲ့ ဆက်သွယ်နေတဲ့ လိပ်စာတွေ အားလုံးကို အခြား ချိတ်ဆက် ထားသူက မြင်နေရတာက ပြဿနာပါ၊ ဒါပေမယ့် Buzz အတွက် အနာဂတ်က ပိုကောင်းဖို့ ရှိတယ်လို့ ကျနော် ထင်ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။

Google Buzzကို အသုံးမပြုလိုပါက ဂျီမေးလ် Setting တွင် Buzz ဟူသော ခေါင်းစဉ်ကို နှိပ်၍ Disable Google Buzz ကို ရွေးချယ်၍ လည်းကောင်း (သို့) ဂျီမေးလ် စာမျက်နှာ အောက်ဆုံးရှိ “Turn off Buzz”ကို နှိပ်၍သော် လည်းကောင်း ပြင်ဆင်၍ ရနိုင်မည် ဖြစ်သည်။

၂၀၀၉ ခုနှစ်မှ စတင်၍ လူမှုရေးကွန်ရက် စာမျက်နှာများသည် အရှိန်အဟုန်ဖြင့် အင်တာနက် အသုံးပြုသူများ အကြား ရေပန်းစား လာပြီး ယခုအခါ ကမ္ဘာတ၀န်းလုံး၌ Facebook အသုံးပြုသူ သန်း ၄၀၀၊ ဂျီမေးလ် အသုံးပြုသူ ၁၇၆ သန်း ရှိကြောင်း သိရသည်။

Thursday, February 11, 2010

တမ်းတချင်း ကာရာအိုကေလေးပါခင်ဗျား

Wednesday, February 10, 2010

နယ်ခြားစောင့်တပ်အဖြစ် လက်မခံ၍ ကယန်းဒေသ၌ အစိုးရတပ်အင်အား တိုးချဲ့လာ

ပါးရယ်/ ဖေဖော်ဝါရီ ၅၊ ၂၀၁၀

အပစ်ရပ်အဖွဲ့ ဖြစ်သော ကယန်းပြည်သစ်ပါတီ (ကေအဲန်အယ်လ်ပီ)သည် မြန်မာစစ်အစိုးရ ဖိအားပေးနေသော နယ်ခြားစောင့်တပ် အသွင်ကူးပြောင်းရေးကို လက်မခံသည့်အတွက် ၎င်းတို့ ထိန်းချုပ်ရာ နယ်မြေဒေသများတွင် စစ်တပ်အင်အားများ တိုးချဲ့ချထားလာပြီး ယခင်ကထက် ပိုမိုလှုပ်ရှားလာကြောင်း စုံစမ်းသိရှိရသည်။

စစ်အစိုးရသည် ကေအဲန်အယ်လ်ပီအား လက်နက်ဖျက်သိမ်းရေး၊ တပ်ဖျက်သိမ်းရေး၊ နယ်ခြားစောင့်တပ် (သို့မဟုတ်) ပြည်သူ့စစ် ပြောင်းလဲရေး စသည့် ဖိအားပေးမှုများကို တောင်းဆိုလေ့ရှိသော်လည်း ကေအဲန်အယ်လ်ပီ အနေဖြင့် လက်မခံနိုင်သောကြောင့် ယခုလို လက်နက်နှင့် လူအင်အားတို့နှင့် ခြိမ်းခြောက်လာရခြင်း ဖြစ်နိုင်သည်ဟု ကယန်းလူငယ်မျိုးဆက်သစ်အဖွဲ့မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ခံ ကိုဇာနည်က ပြောသည်။

၎င်းက “သူတို့က အဓိက ကျနော်တို့ရဲ့ ကယန်းလူမျိုးပေါ့နော့် မျိုးဖြုတ်ချဖို့လည်း ဖြစ်နိုင်တယ်။ နောက်တခုက ကယန်းပြည်သစ်ပါတီကို အပစ်ခတ်ရပ်စဲရေး မထားခိုင်းစေလိုဘူး။ နောက်ပြီးတော့ လူမျိုးကြီးဝါဒ ပြောရမလား ကျနော်တို့ တိုင်းရင်းသာဒေသတွေမှာ သူတို့က အုပ်စိုးမှု နေရာလုချင်တာလည်း ဖြစ်နိုင်တယ်။ ကျနော်တို့ ဒေသမှာ ရှိတဲ့ သယံဇာတတွေ ထုတ်ယူချင်လည်း ဖြစ်နိုင်တယ်။ အဲဒါတွေ သူတို့ ချုပ်ကိုင်ချင်လို့ အခုလို တပ်တွေ တိုးချဲ့လာတယ်လို့ ယူဆလို့ ရတယ်” ဟု ပြောပါသည်။

စစ်အစိုးရတပ်များသည် ကေအဲန်အယ်ပီ နယ်မြေဒေသများတွင် ယခင်က တပ်ရင်း ၁၀ ရင်းခန့်သာ တပ်စွဲလျက်ရှိကြောင်း၊ ယခု နောက်ပိုင်းတွင် တပ်အင်းအာများ ထပ်မံ တိုးချဲ့ချထားမှုများ ရှိခဲ့သော်လည်း မည်မျှ ရှိသည်ကို အတိအကျ မသိရှိရကြောင်း၊ ၎င်းတို့သည် အဓိက ပေါင်းလောင်းဒေသဘက်တွင် တိုးချဲ့ချထားပြီး လှုပ်ရှားလျက် ရှိကြောင်း ဆိုသည်။

“တိုးချဲ့တပ်ကြောင့်၊ တိုးချဲ့လှုပ်ရှားနေတဲ့အတွက်ကြောင့် ကျနော့်တို့ ဒေသမှာပေါ့နော့်။ ခိုးမှုလုယက်မှုလည်း ရှိတယ်ဗျား။ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်မှာ ထဲသွက် ဆိုတဲ့ ရွာမှာလေ။ အဲဒီမှာ ကိုယ်ဝန်ဆောင်အမျိုးသမီး သားနဲ့ လက်တွဲ အမျိုးသမီးတဦးက ပစ္စည်းဥစ္စာ လုယက် ခံရတာလည်း ကျနော့်တို့ တွေ့နေရတယ်။ နောက် အခက်အခဲ တွေ ကြုံရတာလည်း ကျနော့်တို့ တွေ့ရှိရတယ်ပေါနော့်” ဟု ကိုဇာနည်က ဆက်ပြောပါသည်။

စစ်အစိုးရ ကျင်းပပြုလုပ်မည့် ၂၀၁၀ အထွေထွေရွေးကောက်ပွဲအား ကေအဲန်အယ်ပီ အနေဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည် မဟုတ်သည့် အပြင် နယ်ခြားစောင့်တပ်အဖြစ် အသွင်ကူးပြောင်းရေးလည်း လက်မခံနိုင်ကြောင်း၊ သို့သော် အရပ်သားပါတီ အဖွဲ့တဖွဲ့ ဖွဲ့စည်းပြီး ရွေးကောက်ပွဲ ၀င်ရန် အလားအလာတော့ ရှိနေကြောင်း ကေအဲန်အယ်လ်ပီ အဖွဲ့ဝင် တဦးက ပြောသည်။

“မြန်မာစစ်အစိုးရဟာ နယ်ခြားစောင့်တပ်အဖြစ် သူတို့ သတ်မှတ်ထားတဲ့ အဆင့်က ပြည်သူ့ဆက်ဆံရေးနဲ့ ပြည်သူ့ရဲ့ လက်အောက် ခံတွေနဲ့ပဲ နေရမယ်ဆိုတော့ ကျနော်တို့က ဘာမှ ပြောရေးဆိုခွင့်၊ လုပ်ပိုင်ခွင့် မရှိတော့ဘူးလေ ဒါ၊ အဲလိုမျိုး အခြေအနေ ရှိတာပေါ့နော်၊ ဒါကြောင့်မို့လို့ လက်မခံနိုင်ဘူးလို့ ကျနော်တို့ ပါတီတွေက အဲလိုမျိုး သဘောထား ထုတ်ထားတာပေါ့” ဟု ၎င်းက ပြောပါသည်။

ကေအဲန်အယ်လ်ပီသည် ပြည်တွင်း၌ မိမိ၏ ပြည်သူလူထုများ ငြိမ်းချမ်းစွာ နေရေးထိုင်ရေး အဆင်ပြေရန်နှင့် စားဝတ်နေရေး ဖူလုံ ရေးအတွက် လွတ်လပ်စွာ လုပ်ကိုင် စားသောက်နိုင်ရန် ဆက်လက်၍ ငြိမ်းချမ်းရေး ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ဆိုသည်။

ငြိမ်းချမ်းရေး ပြုလုပ်ခြင်းသည် အမှန်တကယ် ပြည့်ဝသော ငြိမ်းချမ်းမှု၊ လွတ်လပ်မှု မရရှိသည့်တိုင်အောင် မယူခြင်းထက် စာလျှင် ပြည်သူလူထုအတွက် ပိုမို၍ အကျိုးရှိပြီး သက်သောက်သက်သာ ဖြစ်စေကြောင်း ကေအဲန်အယ်ပီ အဖွဲ့ဝင်တစ်ဦးကပြောသည်။

ယခုလက်ရှိ အဖွဲ့ဝင်အင်အား ၁၄၉၆ ဦးခန့် ရှိနေသော ကေအဲန်အယ်လ်ပီသည် မြန်မာစစ်အစိုးရနှင့် ၁၉၉၄ ခုနှစ် ဇူလိုင်လတွင် အပစ်ခတ် ရပ်စဲရေး ပြုလုပ်ခဲ့ပြီး ရှမ်းပြည်နယ်နှင့် ကရင်နီပြည် နယ်စပ်တို့တွင် အဓိက အခြေစိုက်လှုပ်ရှားလျက်ရှိသည်။

Friday, February 5, 2010

Three Labour MPs and one Tory peer will face criminal charges over their expenses, Director of Public Prosecutions Keir Starmer has said.

MPs Elliot Morley, Jim Devine, David Chaytor and Lord Hanningfield will be charged under the Theft Act.

In a joint statement the MPs said they denied any charges and would "defend our position robustly".

Revelations about MPs expenses emerged in May last year with the police going on to investigate a handful of cases.

Labour peer Lord Clarke will not be charged but a sixth case remains under investigation, said Keir Starmer.
Parliamentary privilege

Announcing the Crown Prosecution Service decision, Mr Starmer said: "In four cases, we have concluded that there is sufficient evidence to bring criminal charges and that it is in the public interest to charge the individuals concerned.

"Accordingly, summonses in these cases have been obtained from the City of Westminster Magistrates' Court and will now be served on the individuals in question."

CPS statement on MPs' expenses

Mr Starmer also said that the lawyers acting for those involved had raised the issue of Parliamentary privilege - which grants MPs and peers special rights and has evolved over hundreds of years.

He added: "We have considered that question and concluded that the applicability and extent of any Parliamentary privilege claimed should be tested in court."

Former minister Elliot Morley, MP for Scunthorpe, will face two charges in relation to a total of £30,000 of mortgage interest claims on a property in Winterton, Lincolnshire between 2004 and 2

သင်္ဘောသား ဖြစ်ရေး ပိုလွယ်ကူတော့မည်ဟုဆို

Friday, 05 February 2010 14:50 ဧရာဝတီ

နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနိုင်သည့် ပင်လယ်ကူး သင်္ဘောသား အရေအတွက် တိုးမြှင့်ရန် အလုပ်အကိုင် ဆိုင်ရာ ကန့်သတ်ချက်များကို စတင် ဖယ်ရှားလိုက်ပြီ ဖြစ်ကြောင်း ရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန အရာရှိကြီးတဦးက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

စိတ်ပါဝင်စားသူ လူငယ်တိုင်း သင်္ဘောသားများ ဖြစ်လာရေး အတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်မည်ဟု ထိုဌာနမှ ညွှန်ကြားရေးမှူးချုပ် ဗိုလ်မှူးကြီး မောင်မောင်ဦးက သတင်းထောက်များကို ပြောသည်။
ယခင်က နိုင်ငံခြားသင်္ဘော ကုမ္ပဏီတခု၏ အလုပ်ခန့်စာ ရှိသူများကိုသာလျှင် အာဏာပိုင်တို့က သင်္ဘောသားအဖြစ် အသိအမှတ် ပြုကာ ပင်လယ်ကူး သင်္ဘောသားဆိုင်ရာ သင်တန်းများ တက်ရောက်ခွင့် ပြုပြီး သင်္ဘောသား လုပ်သက် မှတ်တမ်းစာအုပ်၊ သင်္ဘောသား နိုင်ငံကူးလက်မှတ် တို့ကို ထုတ်ပေးခဲ့သည်။

“အလုပ်ခန့်စာ မလိုတော့ဘူး။ အခြေခံပညာ အထက်တန်း အဆင့် ရှိရုံနဲ့ သင်္ဘောသား လုပ်ခွင့် ပေးတာ။ ရေကြောင်းဌာနက ပေးတဲ့ သင်တန်းပြီးတာနဲ့ သင်္ဘောလိုက်လို့ရပြီ” ဟု မြန်မာနိုင်ငံ ပင်လယ်ကူး သင်္ဘောသားများ အသင်း (MOSA) မှ တာဝန်ရှိသူ တဦးက ပြောသည်။

အင်္ဂလိပ်စာ အရည်အချင်းမီပါက သင်တန်းများ တက်ခွင့်ပြုပြီး သင်္ဘောသားဖြစ်နိုင်ပြီဟု ဆိုသည်။

ယခင်က Appointment ဟု ခေါ်ကြသည့် ကုမ္ပဏီအလုပ်ခန့်စာ မရှိမဖြစ် လိုအပ်သဖြင့် အလုပ်ခန့်စာ ရောင်းချသည့် ဈေးကွက် ပေါ်ထွန်းခဲ့သည်။ သင်္ဘော ကုမ္ပဏီ အကြီး၊ အသေးပေါ် မူတည်၍ အလုပ်ခန့်စာ တခုလျှင် သိန်း၂၀ ၀န်းကျင်အထိ ပေးခဲ့ရသည်။ ယခု စနစ်သစ်ကြောင့် အလုပ်ခန့်စာဈေးကွက် ပျက်စီးသွားသည်။

“အစိုးရ ပြင်ဆင်လိုက်တဲ့ အချက်ကြောင့် ကုမ္ပဏီတွေ တော်တော် ထိကုန်ပြီ။ တချို့လည်း ကုမ္ပဏီ ပိတ်ဖို့ ပြင်ကုန်ပြီ” ဟု သင်္ဘောလိုင်း ကိုယ်စားလှယ်တဦးက ပြောသည်။

မြန်မာပြည်တွင် နိုင်ငံခြားသင်္ဘောလိုင်းများ၏ ကိုယ်စားလှယ် ကုမ္ပဏီပေါင်း ၁၅၂ ခု ရှိကြောင်း သိရသည်။

သင်္ဘောသား အလုပ်အကိုင် ဈေးကွက်တခုလုံး အာဏာပိုင်တို့၏ ထိန်းချုပ်မှုအောက်သို့ အပြည့်အ၀ ရောက်ရှိသွားပြီဟု ရန်ကုန်မြို့မှ သင်္ဘောသား တဦးက သုံးသပ်သည်။

“အရင်က ပိုက်ဆံပေးပြီး သင်္ဘောသားဖြစ်လို့ရတယ်။ အခု အစိုးရရဲ့ ထိန်းချုပ်မှုအောက် ရောက်သွားတဲ့ အတွက် ပိုက်ဆံပေးတိုင်းလည်း သင်္ဘောသား ဖြစ်ခွင့် ရချင်မှရမယ်။ ပိုခက်သွားတယ်လို့ ပြောလို့ ရတယ်” ဟု သူက ဆိုသည်။

အစိုးရသည် နိုင်ငံခြားသင်္ဘောကုမ္ပဏီ ကိုယ်စားလှယ်များ၏ စီးပွားရှာသည့် လုပ်ငန်းကို လုယူလိုက်ခြင်း ဖြစ်သည်ဟု ဆိုနိုင်ကြောင်းလည်း အစိုးရပိုင် မြန်မာ့ ကြယ်ငါးပွင့် သင်္ဘောလုပ်ငန်းမှ အရာရှိတဦးက ပြောသည်။

“လူငယ်တိုင်း ကန့်သတ်ချက် မရှိဘဲ သင်္ဘောသားသင်တန်းတွေ တက်ခွင့်ရမှာ ဖြစ်ပေမယ့် ဒီသင်တန်းတွေ အတွက် အစိုးရကို သင်တန်းကြေး သိန်းပေါင်းများစွာ ပေးရလိမ့်မယ်” ဟု ထိုအရာရှိက ခန့်မှန်းသည်။

သင်္ဘောသား အရေအတွက် များလာခြင်းကြောင့်လည်း မြန်မာပြည်အတွက် နိုင်ငံခြားဝင်ငွေ ပိုမို တိုးပွားစေမည် ဖြစ်ကြောင်း ရန်ကုန်မြို့မှ စီးပွားရေးပညာရှင်တဦးက သုံးသပ်သည်။

မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသည့် မြန်မာသင်္ဘောသား ၇၀၀၀၀ နီးပါး ရှိကြောင်း၊ သင်္ဘောတက်သူ ၅၀၀၀၀ သာ ရှိကြောင်း ရန်ကုန်မှ MOSA အသင်း၏ တရားဝင် ထုတ်ပြန်ချက် အရ သိရှိရသည်။

လုပ်ငန်းခွင်အတွင်း သက်စွန့်ဆံဖျား၊ ပင်ပင်ပန်းပန်း လုပ်ကိုင်ရသည့် သင်္ဘောသားများသည် မြန်မာနိုင်ငံ၏ စံနှုန်းအရ ၀င်ငွေကောင်းသူများ ဖြစ်သည်။ ၁၉၈၈ ခုနှစ်မတိုင်ခင်က သင်္ဘောသားများသည် ပြည်ပမှ မော်တော်ယာဉ် တင်သွင်းခွင့် ရသူများအဖြစ် ထင်ရှားသည်။

၁၉၇၀ နှင့် ၁၉၈၀ ပြည့်လွန်နှစ်များသည် မြန်မာနိုင်ငံ၏ “သင်္ဘောသားရွှေခေတ်” ဖြစ်သည်ဟု ဘန်ကောက်မြို့ အခြေစိုက် မြန်မာနိုင်ငံ ပင်လယ်ပျော်များ သမဂ္ဂမှ တာဝန်ခံ တဦးဖြစ်သည့် ကိုသူရက ပြောသည်။

ယခုအခါ သင်္ဘောသားသစ်တဦးသည် အနည်းဆုံး လစာ ဒေါ်လာ ၃၀၀ ကျော်၊ အလုပ်သင် အရာရှိတဦးသည် လစာ ဒေါ်လာ ၆၀၀ ခန့် ရရှိကြောင်း၊ ကုမ္ပဏီတခုနှင့်တခု လစာနှုန်းထား မတူညီကြောင်း ကိုသူရက ရှင်းပြသည်။

Thursday, February 4, 2010

Where Impunity Reigns

Op-ed from New York Times, December 17, 2009, available at http://www.nytimes.com/2009/12/18/opinion/18iht-edrogers.html.

The world needs to be reminded, again and again, that the military regime in Burma (Myanmar) continues to perpetrate every conceivable human rights violation.

Any Burmese showing any dissent is brutally suppressed, as the world witnessed two years ago when peaceful Buddhist monks demonstrated. Many monks were killed or have disappeared; several hundred remain in prison.

Beyond that, more than 2,000 political activists are in Burmese prisons today, subjected to torture, denial of medical treatment and ludicrous sentences.

Student leader Bo Min Yu Ko is serving a 104-year prison term; Shan ethnic leader Hkun Htun Oo has been imprisoned for 93 years; democracy activist Min Ko Naing for 65 years. The most famous human rights activist, Aung San Suu Kyi, has been under house arrest for almost 14 years, and the term was extended for a further 18 months after a sham trial.

Many of these activists are in prisons thousands of miles from their families, and several are critically ill.

One category of victims of the military dictatorship that gets far less attention is Burma’s ethnic minorities.

In eastern Burma, the regime has been conducting a brutal military campaign against people of the Karen, Karenni and Shan groups. Since 1996, more than 3,300 villages have been destroyed and more than a million people internally displaced. A Karenni friend of mine has described it as “Pol Pot in slow motion.”

The catalogue of terror includes the widespread, systematic use of rape as a weapon, forced labor, the use of human minesweepers and the forcible conscription of child soldiers.

In northern and western Burma, the predominantly Christian Chin and Kachin peoples also face systematic religious persecution.

The Muslim Rohingyas, targeted for their faith and ethnicity, are denied citizenship, despite living in Burma for generations. Thousands have escaped to miserable conditions in Bangladesh.

I have travelled more than 30 times to Burma and its borderlands. I have met former child soldiers, women who have been gang-raped, and many people who have been forced to flee from their burned villages.

Earlier this year, I met a man who had lost both his legs following an attack on his village.

When the Burmese Army came, he fled, but after the troops had moved on, he returned to his smoldering village to see if he could salvage any remaining belongings. Where his house had stood, he found nothing except ashes — hidden in which was a landmine laid by the troops. He stepped on the mine, and lost both legs.

He was carried for an entire day for basic medical treatment and then, a few weeks later, he walked on crutches through the jungle for two days to escape. He fled to a camp for internally displaced people near the Thai border. Four months later, that camp was attacked and he had to flee again.

An eyewitness once told me that in a prison camp in Chin State, prisoners who tried to escape were repeatedly stabbed, forced into a tub of salt water, and then roasted over a fire. A woman in Karen State described to me how her husband was hung upside down from a tree, his eyes gouged out, and then drowned.

The United Nations has documented these atrocities. For years, General Assembly resolutions have condemned the abuses. Previous special rapporteurs have described the violations as “the result of policy at the highest level, entailing political and legal responsibility.” A recent General Assembly resolution urged the regime to “put an end to violations of international human rights and humanitarian law.”

The U.N. has placed Burma on a monitoring list for genocide, the Genocide Risk Indices lists Burma as one of the two top “red alert” countries for genocide, along with Sudan, while the Minority Rights Group ranks Burma as one of the top five countries where ethnic minorities are under threat. Freedom House describes Burma as “the worst of the worst.”

This year, the United States reviewed its Burma policy and adopted a new approach of engagement while maintaining existing sanctions.

While this is the right approach in principle, and one advocated by the democracy movement, the danger is that the message has been misinterpreted, both by the regime and countries in the region.

Even though President Obama and senior U.S. officials have consistently emphasized that sanctions will not be lifted until there is substantial and irreversible progress in Burma, including the release of Aung San Suu Kyi and all political prisoners and a meaningful dialogue between the regime, the democracy movement and the ethnic nationalities, the impression created in the region is that the U.S. is going soft.

This is unfortunate, as it has let Burma’s neighbors off the hook just when they were showing tentative signs of toughening up their approach. Trying to talk to the generals is right, but it needs to be accompanied by strong and unambiguous pressure.

In short, little action has been taken by the international community. Countries continue to sell the regime arms, impunity prevails.

The violations perpetrated by the regime amount to war crimes and crimes against humanity. The Harvard Law School’s report, “Crimes in Burma,” commissioned by five of the world’s leading jurists, concludes that there is “a prima facie case of international criminal law violations occurring that demands U.N. Security Council action to establish a Commission of Inquiry to investigate these grave breaches.”

Last week marked the 61st anniversary of the Universal Declaration of Human Rights. If that is to mean anything in Burma, the time has come for the U.N. to impose a universal arms embargo on the regime, to invoke the much-flaunted “Responsibility to Protect” mechanism, and to investigate the regime’s crimes. The time to end the system of impunity in Burma is long overdue.
Benedict Rogers is East Asia Team Leader with the human rights organization Christian Solidarity Worldwide, and author of several books on Burma, including “Than Shwe: Unmasking Burma’s Tyrant.”

စစ်တပ်မှ ၀က်သုံးကောင် ဖမ်းစားပြီး ရွာသားအား နှိပ်စက်

ကရင်နီပြည် ရှားတောမြို့နယ်၌ တပ်စွဲထားသော မြန်မာစစ်အစိုးရတပ်များသည် ကရင်နီတပ်ဖွဲ့တို့နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့၍ မကျေမနပ် ဖြစ်သောကြောင့် ဒေသခံကျေးရွာများ ပိုင်ဆိုင်သော အိမ်မွေးဝက်နှင့် ကြက်များအား ဖမ်းစားပြီး ရွာသားများကို ဖမ်းဆီးနှိပ်စက်သည်ဟု ဆိုသည်။

ဗိုလ်မှူးကြီး ကျော်ဆန်း ခမရ ၉၉နှင့် ဗိုလ်မှူးကြီး ဇော်ဇော် ခမရ ၁၃၂တို့မှ ကြီးမှူးသည့် စစ်အစိုးရတပ်တို့သည် ဗိုလ်စုရယ် ဦးဆောင် သော ကရင်နီတပ်ဖွဲ့တို့နှင့် ရှားတောမြို့နယ် ဒေါယူးကျေးရွာဟောင်းတွင် ဇန်န၀ါရီလ ၂၄ ရက်နေ့က တိုက်ခိုက်ခဲ့ကြပြီး ရွာသားများအား လက်တုံ့ပြန်ခြင်း ဖြစ်သည်ဟု ရွာသားများက ပြောသည်။

ယင်းတိုက်ပွဲသည် မည်သည့်ဘက်မှ ထိခိုက်သေဆုံးမှု ရှိသည်ကို မသိရချေ။ သို့သော် စစ်အစိုးရတပ်များသည် တိုက်ပွဲ ဖြစ်ပွားသည့် နေရာအနီးရှိ ဒေါတခုကျေးရွာကို ၀င်ရောက်ကာ ၀က် ၃ကောင်နှင့် ကြက်များကို လက်လွတ်စပယ် သတ်စားကာ အသက် ၂၁နှစ်ရှိ ရွာသား ဘူးရယ်အား ဖမ်းဆီးခေါ်ဆောင်သွားပြီး ညှင်းပမ်းနှိပ်စက်ခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

၎င်းက “သူ့ကို တကယ် ဖမ်းဆီးနှိပ်စက်တယ်တဲ့။ သူ့ကို ရိုက်တယ်၊ နက်တယ်။ မီးအပူနဲ့ နှိပ်စက်တာတို့ လုပ်တယ်လို့ ပြောတယ်။ အဲဒါ ဗိုလ်မှူး ဇော်ဇော်က သူ့ကိုယ်တိုင် လုပ်တယ်တဲ့။ နောက်ပြီး ညအချိန်မှာ နားတော့ သူအဲမှာ ထွက်ပြေးလွတ်မြောက်သွားတယ်လို့ ပြောတယ်” ဟု ထွက်ပြေးလွတ်မြောက်သူ ပြောပြချက်အရ ပြန်လည် ပြောပြခြင်း ဖြစ်သည်။

ထိုအပြင် စစ်အစိုးရတပ်များသည် ကျေးရွာအတွင်းရှိ ဆိုင်ကို ဖောက်၍ ဆိုင်တွင်းရှိ အစားအသောက်များကို ယူစားကြောင်း၊ ရွာသား၏ မြင်းလေးကောင်ကိုလည်း ဖမ်းဆွဲသွားခဲ့ကြောင်း၊ သို့သော် မြင်းနှစ်ကောင်သည် ကျေးရွာသို့ ပြန်လာသည်ဟု ဆိုသည်။

စစ်အစိုးရတပ်များသည် ဒေသခံရွာသားများက ကရင်နီတပ်မတော်များကို အကူအညီ ပေးနေသည်ဟု ထင်မြင်သောကြောင့် ကရင်နီ တပ်ဖွဲ့နှင့် တိုက်ပွဲ ဖြစ်ပွားလျှင် ဒေသခံကျေးရွာများအပေါ် လက်တုံ့ပြန်လေ့ ရှိကြောင်း ကရင်နီရှေ့တန်းတပ်မှူး တဦးက ပြောသည်။

“နအဖတပ်တွေက အဲလိုပဲ။ တနေရာရာမှာ ကရင်နီတပ်မတော်တွေနဲ့ သွားရောက်တွေ့ဆုံပစ်ကြပြီဆိုရင် သူတို့က ကရင်နီတပ်မတော် တွေကို မတွေ့မီတော့ ရွာသူ၊သားတွေကို ဖမ်းဆီးနှိပ်စက်လေ့ရှိတယ်။ ရွာသားတွေနဲ့ ဘာမှ မဆိုင်ဘူး။ ရွာသားတွေကို ကြောက်အောင် လုပ်မယ်။ နောက်ကျရင် သူတို့ မလုပ်ရဲဖို့လို့ သူတို့ တွေးနေတာ” ဟု ရှေ့တန်းတပ်မှူးက ပြောသည်။

အလားတူ ဇန်န၀ါရီလ ၁၅ ရက်နေ့တွင်လည်း ဗိုလ်စိုးမင်း ဦးဆောင်သော ခမရ ၅၂၆နှင့် ဗိုလ်မယ်ရယ် ကြီးမှူးသည့် ကရင်နီတပ်ဖွဲ့ တို့သည် ရှားတောမြို့နယ် ဒေါတနောနှင့် ဒေါမူးလဲကျေးရွာအကြား၌ တိုက်ပွဲ ဖြစ်ပွားခဲ့၍ စစ်အစိုးရတပ် ၂ ဦး ကျဆုံးခဲ့သည်။

တိုက်ပွဲ ဖြစ်ပွားပြီးသည့်နောက် စစ်အစိုးရတပ်သည်လည်း ဒေါမူးလဲကျေးရွာသို့ ၀င်ရောက်ပြီး ရွာသား ၁၂ ဦးကို ဖမ်းဆီးခဲ့ကြောင်း၊ အဖမ်းခံရသော ရွာသားများသည် ယခုအချိန်ထိ ပြန်လည်လွတ်မြောက်လာခြင်း ရှိ၊ မရှိကို မသိရသေးဟု ဆိုသည်။

ဆိုင်သာဆိုင် မပိုင်ရတဲ့ လောပိတ

“တို့ခြံထဲမှာ စိုက်ခဲ့ပေမယ့် တို့ခြံတဖက်မှာ သီးပွင့်လေတိုင်း၊ တို့စိုက်သောဖရုံ တို့မစားရတော့ ဘယ်လိုနေမလဲ တွေးကြည့်စမ်းလေ တို့ပိုင်တဲ့မြေ တို့ပိုင်တဲ့ရေ၊ တို့.. တို့လူမျိုးတွေ ညအမှောင်ထဲမှာ လောပိတရေ ပြန်လာခဲ့”

ကရင်နီအမျိုးသားလူငယ်အစည်းအရုံး (ကေအဲန်ဝိုင်အို)မှ ထုတ်လုပ်တဲ့ စီးရီးခွေထဲက “ပြန်လာခဲ့ပါ လောပိတ” ဆိုတဲ့ တေးသီချင်းလေး ဖြစ်ပါတယ်။

ကရင်နီပြည်နယ်မှာ လောပိတမှ ရေအားလျှပ်စစ် ထွက်ရှိလာခဲ့တာ နှစ်ပေါင်း ၅၀ ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပေမယ့် အခုအချိန်ထိ ကရင်နီ ပြည်သူ အများစုဟာ ညအချိန်မှာ အလင်းဆောင်ဖို့အတွက် ဖယောင်းတိုင်မီးနဲ့ ထင်းရူးဆီမီးတို့ကို အားကိုးပြီး ထွန်းလင်းနေဆဲ ဖြစ်ပြီး မြို့နေလူနည်းစုကသာ လျှပ်စစ်မီးရဲ့ အကျိုးအမြတ်ကို ခံစားနေရတာကို ရည်စူး၍ ကေအဲန်ဝိုင်အိုက တေးသီချင်းဖြင့် ရေးစပ်သီဆို ထားခြင်း ဖြစ်ပါတယ်။

လောပိတစက်ရုံ အမှတ် ၂ ဟာ ကရင်နီပြည်နယ် လွိုင်ကော်မြို့နယ်အတွင်း လောပိတကျေးရွာအနီးရှိ ဘီလူးချောင်းရဲ့ လောပိတ ရေတံခွန် အောက်ဖက်မှာ တည်ရှိနေပါတယ်။ အဲဒီစက်ရုံဟာ မြန်မာနိုင်ငံရဲ့ ပထမဆုံး အကြီးဆုံး ရေးအားလျှပ်စစ်စက်ရုံတရုံ ဖြစ်ပြီး အများအားဖြင့် မြန်မာပြည် အထက်ပိုင်းနဲ့ အောက်ပိုင်းတို့ကို ထွန်းလင်းပေးနေပါတယ်။

အဲဒီရေအားလျှပ်စစ်စက်ရုံဟာ ၁၉၅၀ ပြည့်နှစ်မှာ အစပျိုးခဲ့ပြီး အဆင့်နှစ်ဆင့်ဖြင့် ဆောက်လုပ်ထားပါတယ်။ ပထမအဆင့် တည်ဆောက် ရေး လုပ်ငန်းများကို ၁၉၆၀ ခုနှစ်မှာ ပြီးဆုံးခဲ့ပြီး ဒုတိယအဆင့်ကတော့ ၁၉၇၄ ခုနှစ်မှာ တည်ဆောက်ပြီးစီးခဲ့ကာ လျှပ်စစ်ဓါတ်အား ၁၆၈ မီဂါဝပ်ကို ထုတ်လုပ်ပေးနေပါတယ်။

အလားတူ လောပိတစက်ရုံ အမှတ် ၁ ကတော့ အမှတ် ၂ စက်ရုံရဲ့ အနီးမှာ တည်ရှိပါတယ်။ အဲဒီစက်ရုံတရုံကြတော့ ၁၉၈၆ ခုနှစ်မှာ စတင်ဆောက်လုပ်ခဲ့ပြီး ၁၉၉၂ ခုနှစ်မှာ ပြီးစီးကာ သူ့ရဲ့ ထုတ်လုပ်စွမ်းအင်အားကတော့ ၂၈ မီဂါဝပ် ရှိပါတယ်။

ရေအားလျှပ်စစ်စက်ရုံ ဆောက်လုပ်ရေးနဲ့ ပတ်သက်ပြီး တည်ဆောက်ရေး လုပ်ငန်းတွေ စတင်ချိန်မှာ စက်ရုံ တည်ဆောက်ပြီးစီးပါက ရရှိလာမယ့် အကျိုးအမြတ်တွေ ဖြစ်တဲ့ ရေသွင်းစိုက်ပျိုးရေး၊ လျှပ်စစ်ဓါတ်အား ရရှိရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး စတဲ့ဟာတွေ ဒေသခံ ပြည်သူတွေအတွက် ဆောက်ရွက်ပေးမှာကို စစ်အစိုးရက ကတိက၀တ် ပေးခဲ့ပါတယ်။

ဒါပေမဲ့ လက်တွေ့မှာမူ စစ်အစိုးရ အဆက်ဆက်မှ ပေးထားခဲ့သော ကတိတွေနဲ့ ဆန့်ကျင်စွာပင် ကရင်နီပြည်နယ်ရဲ့ ဧရိယာ အတော်များ များမှာ လျှပ်စစ်မီးကို ပိုင်ဆိုင်ခွင့် မရရှိကြပေ။ စက်ရုံမှ ထုတ်လုပ်သော လျှပ်စစ်ဓါတ်အားတွေအနက် အများစုကို ရန်ကုန်နဲ့ မန္တာလေး မြို့ကြီးများသို့ မဟာဓါတ်အားလိုင်းကြီးတွေဖြင့် သွယ်တန်းပို့ဆောင်သွားကြပါတယ်။

ကရင်နီပြည်ဟာ ရေအားလျှပ်စစ်ဓါတ်အား ထွက်ရှိတဲ့ပြည် ဖြစ်ပေမယ့် လွိုင်ကော်၊ ဒီးမော့ဆိုနဲ့ ဖရူဆို စတဲ့ မြို့တွေဆိုရင် လျှပ်စစ်မီး မလုံလောက်စွာ အသုံးပြုနေကြရပြီး ကျေးလက်တောရွာတွေမှာကတော့ ဖရောင်းတိုင်မပြောနဲ့ ထင်းရှူးမီးတွေကိုသာ အသုံးပြုနေ ကြရပါတယ်။

မယ်လစခန်းရှိ ကရင်ဒုက္ခသည် ၉၀ ဂျပန်မှာ အခြေချခွင့် ရမည်

ထိုင်း၊ မြန်မာနယ်စပ်ဒေသ ဒုက္ခသည်စခန်းမှာ ရှိနေတဲ့ မြန်မာပြည်က ဒုက္ခသည်တွေ ဂျပန်နိုင်ငံကို ခေါ်ယူရေး အစီအစဉ်ရဲ့ ပထမ ခြေလှမ်းအဖြစ်နဲ့ ဂျပန်ကိုယ်စားလှယ် အဖွဲ့ဟာ ဒုက္ခသည်တွေကို လူတွေ့ သွားရောက်တွေ့ဆုံ မေးမြန်းခဲ့ပါတယ်။ ဂျပန်ကိုယ်စားလှယ် အဖွဲ့ဟာ ဒုက္ခသည်တွေကို လူတွေ့ စစ်ဆေးမေးမြန်းမှုတွေကို ဖေဖော်ဝါရီလ ၂ ရက်နေ့ကစပြီး ပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။ အပြည့်အစုံကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံက ဒုက္ခသည်တွေကို ဂျပန်နိုင်ငံမှာ ပြန်လည် နေရာချထားပေးမယ်ဆိုတဲ့ ဂျပန်အစိုးရရဲ့ ပထမအဆင့်အဖြစ်နဲ့ ထိုင်း၊ မြန်မာနယ်စပ် မယ်လ ဒုက္ခသည်စခန်းမှာ ရှိတဲ့ ဒုက္ခသည်တွေကို ဂျပန်အစိုးရ ကိုယ်စားလှယ်တွေက မနေ့ အင်္ဂါနေ့ကစပြီး လူတွေ့ စစ်ဆေးမှုတွေ စတင်ပြုလုပ်နေပြီ ဖြစ်ပါတယ်။

ဂျပန်အစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ဖေဖော်ဝါရီလ ၁ ရက်၊ တနင်္လာနေ့ကတည်းက မယ်လစခန်းထဲကို ရောက်နေခဲ့ကြတာလို့ မယ်လစခန်းရဲ့ ဒုတိယဥက္ကဋ္ဌ မန်းထွန်းထွန်းက ပြောပါတယ်။

“သူတို့ ၁ ရက်နေ့၊ တနင်္လာနေ့ကတည်းက စခန်းမှာ ကျနော်တို့ ကော်မတီတွေရယ်၊ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေရယ် လာတွေ့ပါတယ်။ ညနေပိုင်းကျတော့ သူတို့ ဂျပန်နိုင်ငံကို လျှောက်တဲ့လူတွေနဲ့ တွေ့ဆုံခဲ့တယ်။ သူတို့ရဲ့ အစီအစဉ်က ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ ဂျပန်ကို တင်ထားတဲ့ မိသားစုတွေကို အင်တာဗျူးလုပ်မယ်၊ ဂျပန်အစိုးရက။ ဂျပန်အစိုးရအဖွဲ့မှာ ဆိုရင်တော့ တရားရေး ၀န်ကြီးဌာန (Ministry of Justice) က ၆ ယောက်၊ ၇ ယောက်လောက် ပါမယ်။ ပြီးတော့ Ministry of Foreign Affairs က ၃ ယောက်လောက် ပါတယ်။ အားလုံး ၁၀ ယောက်လောက် ပါတယ်။”

ဂျပန်အစိုးရအနေနဲ့ ထိုင်း၊ မြန်မာ နယ်စပ်ဒေသက ဒုက္ခသည် စခန်းထဲမှာ ရှိနေတဲ့ မြန်မာဒုက္ခသည်တွေကို ဒီနှစ် ၂၀၁၀ ခုနှစ်ကစပြီး တနှစ် အယောက် ၃၀ နှုန်းနဲ့ ၃ နှစ်ဆက်တိုက် ခေါ်ယူ ပြန်လည် နေရာချထားလိုတဲ့ အကြောင်း ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလထဲမှာ UNHCR ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးကို အကြောင်းကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီအထဲကမှ ပထမအသုတ်အဖြစ်နဲ့ လူ ၃၀ ကို စတင်ခေါ်ယူဖို့ အခုလို လာတွေ့တာ ဖြစ်တဲ့အကြောင်း မန်းထွန်းထွန်းက ဆက်ပြောပြပါတယ်။

“ဂျပန်နိုင်ငံက ပထမအသုတ် အနေနဲ့ လူ အယောက် ၃၀ ခေါ်မယ်။ အဲဒီအတွက် စိတ်ဝင်စားတဲ့ လူတွေ တင်ကြပါပေါ့။ အဓိက အကြောင်းရင်းကတော့ ဂျပန်နိုင်ငံက အာရှနိုင်ငံ တနိုင်ငံလည်း ဖြစ်တယ်။ ပြီးတော့ ကြိုတင် ပြင်ဆင်ထားတဲ့ ဟာတွေလည်း တော်တော်ကောင်းပါတယ်၊ ကျနော် သိရသလောက်ဆိုရင်။ သူတို့အစီအစဉ်ကတော့ ဒီ ၄ ရက်အတွင်းမှာ မိသားစုဝင်တွေကို အင်တာဗျူးလုပ်ဖို့ စီစဉ်ထားတယ်။”

ဒီဒုက္ခသည်တွေ ဂျပန်နိုင်ငံကို ရောက်သွားရင် ပထမ ၆ လအထိ ဂျပန်အစိုးရက ကြည့်ရှုစောင့်ရှောက်ထားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

“ကျနော်တို့ သိရသလောက်ကတော့ ဂျပန်နိုင်ငံ ရောက်သွားရင် ၆ လက အစိုးရက အပြည့်အ၀ ကူညီ ထောက်ပံ့ပေးသွားမယ်။ ၆ လကျော်သွားရင်တော့ မိသားစုဝင်တွေက သူတို့ဘာသာ သူတို့ ခြေထောက်ပေါ် ရပ်တည်ဖို့အတွက် အလုပ်တွေ ရှာရတော့မယ်။ ကိုယ့်ရဲ့ အိမ်တွေဘာတွေ ရှာရတော့မယ်။ အဲဒီမှာ နောက်ထပ် ၁ နှစ်နဲ့ ၆ လ အတွင်းမှာတော့ သူတို့ လူမှုကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းတွေက သူတို့ကို အကြံဉာဏ်တွေ ပေးသွားမယ်၊ အကူအညီတွေပေါ့၊ အလုပ်အကိုင် ရှာဖို့ဖြစ်ဖြစ်၊ တကယ်လို့ အလုပ်အကိုင် ရှာလို့ မရဘူး၊ အခက်အခဲတွေ ရှိမယ်ဆိုရင် Social Welfare Program ပေါ့၊ အစိုးရက ထောက်ပံ့ထားတဲ့ Social Welfare Program တွေမှာ သူတို့ကို ကူညီထောက်ပံ့ ပေးနိုင်အောင်ဆိုပြီး သူတို့က ၀ိုင်းဝန်း ကူညီမှုတွေတော့ ရှိမယ်လေ။ ၁ နှစ်နဲ့ ၆ လတိတိပေါ့။”

ဒုက္ခသည်တွေထဲက ဘယ်သူ့ကို ဂျပန်နိုင်ငံလာဖို့ လက်ခံမယ်ဆိုတဲ့ နောက်ဆုံး ဆုံးဖြတ်ချက်ကတော့ ဂျပန်အစိုးရ အပေါ်မှာပဲ မူတည်တယ်လို့ UNHCR ပြောခွင့်ရပုဂ္ဂိုလ် အန်ဒရေ မာဟေခြစ်စ် (Andrej Mahecic) က ပြောပါတယ်။

“တကယ်လို့ အားလုံး အဆင်ပြေ ချောမွေ့သွားရင်တော့ ဒုက္ခသည်တွေ အနေနဲ့ ဂျပန်နိုင်ငံကို ဒီနှစ် စက်တင်ဘာလလောက်မှာ စတင် ထွက်ခွာနိုင်ကြမှာဖြစ်ပြီး တနှစ်မှာ အယောက် ၃၀ စီ ခေါ်ယူသွားမှာ ဖြစ်ပါတယ်။ ထိုင်းနိုင်ငံအတွင်းမှာ ရှိနေတဲ့ မြန်မာ ဒုက္ခသည်စခန်း ၉ ခုထဲက ဒုက္ခသည် စုစုပေါင်း ၅၅,၀၀၀ လောက်ထဲက ၂၀,၀၀၀ လောက်ကို တခြားနိုင်ငံတွေမှာ ပြန်လည် နေရာချထား ပေးနိုင်ခဲ့ပါပြီ။ ဒီအထဲက အများစုကတော့ အမေရိကန်၊ သြစတြေးလျနဲ့ ကနေဒါနိုင်ငံတွေကို ရောက်သွားကြတာ ဖြစ်ပေမဲ့ တခြား နိုင်ငံပေါင်း ၈ နိုင်ငံကို ရောက်သွားကြတဲ့ ဒုက္ခသည် တချို့လည်း ရှိပါတယ်။”

မြန်မာနိုင်ငံက ဒုက္ခသည်တွေကို အာရှနိုင်ငံတခုက ပြန်လည် နေရာချထားပေးဖို့ ခေါ်ယူတာ ဂျပန်နိုင်ငံဟာ ပထမဆုံးနိုင်ငံ ဖြစ်ပါတယ်။ ဒါကြောင့်လည်း တခြား အနောက်နိုင်ငံတွေအပြင် အခုလို အာရှတိုက်အတွင်းက နိုင်ငံတခု တိုးလာတဲ့အပေါ် UNHCR အနေနဲ့ ကြိုဆိုကြောင်း ပြောခွင့်ရပုဂ္ဂိုလ် အန်ဒရေ မာဟေခြစ်စ်က ပြောပါတယ်။

“ဒုက္ခသည်တွေ ပြန်လည် နေရာချထားပေးတဲ့ နိုင်ငံတွေ စာရင်းမှာ ဂျပန်နိုင်ငံတနိုင်ငံ တိုးလာတာကို ကျနော်တို့ UNHCR အနေနဲ့ ကြိုဆိုပါတယ်။ ဒီလို လုပ်ဆောင်တဲ့အတွက် တခြား အာရှနိုင်ငံတွေကို အရေးပါတဲ့ အချက်ပေးလိုက်ရုံတင် မကဘဲ ထိုင်းနိုင်ငံထဲမှာ နှစ်ပေါင်း ၂၅ နှစ်လောက် ပိတ်မိနေကြတဲ့ ဒုက္ခသည်တွေ ပြဿနာ ကူညီဖြေရှင်းပေးဖို့လည်း ထိုင်းအစိုးရကို တဘက်က ကူညီရာ ရောက်နေလို့ပါပဲ။”

ထိုင်း၊ မြန်မာ နယ်စပ်ဒေသက ဒုက္ခသည်စခန်းတွေမှာ ရှိနေကြတဲ့ ဒုက္ခသည်တချို့ဟာ စခန်းထဲမှာ နှစ်ပေါင်းများစွာ ဒုက္ခသည်အဖြစ်နဲ့ နေထိုင်နေကြရတာ ဖြစ်ပြီး တချို့ဆို နှစ်ပေါင်း ၃၀ လောက်အထိ နေထိုင်ခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

အခု ဂျပန်နိုင်ငံက ခေါ်ယူမယ့် မယ်လ ဒုက္ခသည်စခန်းက ဒုက္ခသည်တွေအနေနဲ့ လယ်ယာစိုက်ပျိုးမှု တတ်ကျွမ်းသူ၊ အသက် ၄၀ အောက်တွေနဲ့ ကရင်လူမျိုးတွေကိုသာ ခေါ်ယူမယ်လို့ ဂျပန်ကိုယ်စားလှယ်အဖွဲ့က ပြောတဲ့အကြောင်း လူတွေ့စစ်ဆေး မေးမြန်းမှုမှာ ပါဝင်ခဲ့ကြတဲ့ ဒုက္ခသည်တချို့က ပြောပါတယ်။