ခွန်းမင်းထက်မှ

Saturday, March 20, 2010

Karenni on their way for election

Ko Reh/ March 14, 2010
Karenni cease fire group met in Rangoon to register and set up their party to take part in the upcoming election.

Karenni Nationalities People's Liberation Fronts (KNPLF) high ranking official members started discussions during the first week of this month in Rangoon according to a politician who keep a close watch on the Karenni political situation.

He said "Today they (KNPLF) high ranking members are in a meeting in Rangoon to set up the political party and give the party its name. But there is no determination for the party's name."

According to the sources from exile, the KNPLF is planning to register as a party to contest in the 2010 election.

Meanwhile,other political parties will be set up from Karenni State, Loikaw, Deemawso, Bawlake, and Pharsaw township.

At least seven political groups are preparing to register to contest in 2010 election. They are The National Unity Party (NUP), the Democratic Party-Myanmar, the Union of Myanmar National Political Force, the 88 Generation Students Union of Myanmar, Union Solidarity and Development Association (USDA), the National Political Alliance and one established pro-government party. It is expected that they will register within the next few days .

Other ethnic groups like the Kachin State Progressive Party (KSPP) are also going to register their party within 60 days as stipulated by the party registration law, chairman of KSPP Dr Tuja siad on Monday.

The KNPLF is led by U Sandar and U Htun Kyaw, who split from KNPP in 1978 and then signed a ceasefire agreement with the Burmese military regime in 1994. The (KNPLF) and their 1609 soldiers transferred to the Border Guard Forcr in October 8, 2009.

Friday, March 12, 2010

N ကိုင် ရာ သီချင်းလေး

ငါ မနက်ဖြန်ဆက်ရန်ခက်တဲ့ သူမ အကြည့်တွေနဲ့ ဘယ်လိုလျှောက်ရမယ်မသိတဲ့ ခြေလှမ်းများ နင်မြင်နိုင်မယ်ဆိုခဲ့ရင် ဒီလောက်ထိ အထီးကျန်ဆန်ခဲ့မှာမှ မဟုတ်တာ နင်မနေချင

မင်းနဲ့ စဆုံကတည်းက
ပျော်ရွှင်ခဲ့ရတဲ့ငါ
မထင်မှတ်ထားတဲ့
တစ်နေ့မှာ
မင်းကိုချစ်မိသွားခဲ့တယ်
တကယ်ဆိုရင် မင်းဟာ
ငါ့နှလုံးသားကို
တံခါးမခေါက်ပဲဝင်ရောက်ခဲ့သူပါ

လူတွေကမဖြစ်နိုင်ဘူးလို့
ပြောကြပေမယ့်
မမြင်ရတဲ့ ကံတရားကိုအားကိုးပြီး
မင်းကိုငါ
မျှော်လင့်စောင့်စားနေဆဲပါ

ငါတို့နှစ်ယောက်ရဲ့
ဝေးကွာလွန်းတဲ့ အခြေအနေတွေ
မင်းမရှိတဲ့ ငါ့ရဲ့အဖြစ်တွေ
ဆုံဆည်းခွင့်မရနိုင်သေးတဲ့
ငါတို့နှစ်ယောက်ရဲ့ ဘ၀တွေကို
ဘယ်တော့မှ အဆုံးသတ်ဖို့
မစဉ်းစားဖူးတာ
မင်းသိပါစေ............ချစ်သူ။

နင့်အတွက် ငါ ငါ့အတွက်မဟုတ်သော နင်

ငါ
မနက်ဖြန်ဆက်ရန်ခက်တဲ့
သူမ အကြည့်တွေနဲ့
ဘယ်လိုလျှောက်ရမယ်မသိတဲ့ ခြေလှမ်းများ
နင်မြင်နိုင်မယ်ဆိုခဲ့ရင်
ဒီလောက်ထိ
အထီးကျန်ဆန်ခဲ့မှာမှ မဟုတ်တာ
နင်မနေချင်တဲ့ ငါ့ရင်ဘတ်မှာ
ဘယ်လိုကျိန်စာဆိုးတွေရှိနေလဲ
ငါ့ဟာ............
နင်ပါ။
နင်ဟာ...ဘယ်သူအတွက်လဲ။
ဝင်ရိုးစွန်းအထိ စွန့်လွှတ်ထားတဲ့
ပိုင်ဆိုင်မှုတွေကို နင် မသိနိုင်ခဲ့ပါလား။
ငါ့က
နင်ကိုသိပ်ချစ်တယ်။
နင်........အရာရာထက်
နင်........
ငါ့ကို အဒီအတိုင်း မကြည့်ပါနဲ့
ချစ်တာ အပြစ်လား။
နင့်ကို ချစ်မိတဲ့အဖြစ်က
ငါ့နှလုံးသားအတွက် သေလမ်းပဲ
manetphyan@gmail.com

Thursday, February 25, 2010

နှုတ်ဆက်ခွင့်လေးပေးပါနော်.

ကလေးရေ..
ဆောင်းကုန်လို့ နွေတောင်ကူးလာပြီနော်...
ရာသီတွေပြောင်းပေမယ့်
အချစ်တွေမဟောင်းဘူးလို့ ဆိုခဲ့ဖူးတဲ့သစ္စာ..
ဘယ်ရာဇ၀င်မှာများ ကျန်ခဲ့လေသလဲနော်..
အေးမြတဲ့ဆောင်းတွင်းတည်းကစလို့
ရင်မှာမပြတ် ပူလောင်ခဲ့တဲ့ငါ..
နွေရောက်တဲ့အခါမှာတော့..
မီးတောက်များကိုဖြတ်ကျော်ရင်းနဲ့ပေါ့..
အရိပ်စစ်လေးတစ်ခုကိုမျှော်ကိုးလို့
ဓားတောင်ကိုကျော် မီးပင်လယ်ကိုဖြတ်မယ်လို့
တစ်ခါမှမဟစ်ကြွေးဖူးတဲ့ငါ..
နင်းလျှောက်နေတာက ကန္တာရဆူးပင်တွေ..
ကလေးရေ...
ငါကလေးစိတ်နဲ့တုန်းကတော့...
မင်းကငါ့ထက်ငယ်ပေမယ့်.. ကလေးချင်းမို့ စာနာတတ်တဲ့ငါ.
လူကြီးစရိုက်ကို ချက်ချင်းပြောင်းယူရတဲ့အခါ..
ပြတ်သားရက်စက်တတ်သွားတဲ့ငါ...
ငါ့ကိုယ်ငါတောင် မထင်ရက်ခဲ့ဘူးဟာ..
ငါတအားပြောင်းလဲသွားခဲ့သလို..
တအားလည်းဆုံးရှုံးခဲ့ရတယ်...
ငါနှမြောဆုံးအရာကလေ..
တချိန်တုန်းက ဖြူစင်လွန်းတဲ့..
ငါ့ရဲ့အချစ်တွေ နားလည်ပေးတတ်မှုတွေရယ်.
နင့်ဆီက ပြိုင်ဘက်ကင်းလှတဲ့ အကြင်နာတွေရယ်..
နင့်အတွက်ရည်ရွယ်ထားခဲ့ပေမယ့်..
နင့်ပယောဂနဲ့ မီးလောင်သွားခဲ့တဲ့..
ငါ့ရဲ့ လက်ဆောင်လေးရယ်ပါ...
တကယ်လို့သာ..
ဒါတွေအားလုံးဆုံးရှုံးရတာဟာ.. ငါမက်မောမိတဲ့အရိပ်စစ်အတွက်
ထိုက်တန်တဲ့ပေးဆပ်မှုတွေဆိုတာသာ
ငါစောစောကသိခဲ့ရင်..
အိုအေစစ်ကိုရည်မှန်းပြီးတော့ လောကကြီးကိုရင်ဘောင်တန်းခဲ့မိမှာမဟုတ်ဘူးကွာ..
ခုချိန်မှာတော့...
ကလေးရယ်..
ဖြစ်လေရာဘ၀တိုင်းမှာ.. ဝေးကွာခြင်းတွေကင်းရပါစေတော့နော်..
ဒီဘ၀ကလွဲရင်ပေါ့...

Tuesday, February 23, 2010

အတုနှင့်အတူ...

အစိုးရအတု
အဲဒီအတုကြီးအောက်မှာမှ
အပြုံးအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

ဥပဒေအတု
အဲဒီအတုကြီးအောက်မှာမှ
ဆုံးဖြတ်ချက်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

လွှတ်တော်အတု
အဲဒီအတုကြီးအောက်မှာမှ
အခြေခံမူအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

နိုင်ငံသားအတု
အဲဒီအတုကြီးအောက်မှာမှ
မှတ်ပုံတင်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

တော်လှန်ရေးအတု
အဲဒီအတုကြီးအောက်မှာမှ
ကြွေးကြော်သံအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

ဒုက္ခသည်အတု
အဲဒီအတုကြီးအောက်မှာမှ
ခံစားချက်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

အတုတွေကိုမှ
လိုက်လံတုပနေရဆဲ...။

တနေ့စစ်လာမလား
တနေ့မှန်လာမလားနဲ့
ထိုးလိုက်ရတဲ့ဖိုလ်...၊
ဝိဇ္ဇဓိုရ်တွေမှာ
ရင်ဘတ်ကြီးသာ
ဟောင်းလောင်းကျန်ခဲ့တယ်။

ဇော်မျိုးလွင်

အတုနှင့်အတူ...

* ယနေ့မြန်မာ
* ဧရာဝတီ
* ခေတ်ပြိုင်
* မဇ္ဈိမ
* ဘီဘီစီ
* ဒီဗီဘီ
* အာရ်အက်ဖ်အေ
* ဗီအိုအေ

Monday, March 24, 2008
“မိုက်ပါရစေ”
မိုက်ပါရစေ
“လိမ္မာသည်ဆိုခြင်းမှာ သူရဲဘောနည်းခြင်း၊ ကြောက်ခြင်း၊ သွေးမရှိခြင်း၊ သတ္တိမွဲခြင်း၊ ဒူးတုန်ခြင်း၊ တကိုယ်ကောင်းကြံခြင်း၊ အမေနှင့် ငါမာလျှင်ပြီးရောဆိုသော စိတ်ရှိခြင်း၊ ကိုယ့်အိမ်မှ ကိုယ့်အိမ်မှတ်ခြင်း၊ ကိုယ့်အကျိုးစီးပွားတခုတည်းကိုသာကြည့်ခြင်း၊
ရှေ့လာမည့်ဘေးကို စည်းလုံး၍ ခုခံရမှန်းမသိခြင်းဖြစ်ပါမူ၊
အို-အချင်းတို့ ငါတို့သည် မလိမ္မာလိုပါပြီ။ မိုက်သာ မိုက်လိုပါ၏။ ငါတို့အား မိုက်ခွင့်ကို ပြုကြပါကုန်။ ငါတို့မိုက်ပါရစေ”
[တို့ဗမာအစည်းအရုံး ကြေညာစာတမ်း (၁) မှ]
(ကိုထိုက်၏ဘလော့ဂ်မှ ကူးယူဖေါ်ပြပါသည်။)
at 3/24/2008 10:00:00 PM
0 comments:

Post a Comment

Links to this post

Create a Link
Newer Post Older Post Home
Subscribe to: Post Comments (Atom)
Golden Revolution
Video Bar
powered by
"Know Thyself" (Socrates, 469- 399 BC)
My Photo

Zaw Lwin
Des Moines, Iowa, United States
"Always when you think you cannot make it anymore from out of nowhere come a little light. This little light will renew your strength and give you the energy to go one more step." (Elizabeth Kubler Ross)

View my complete profile
The Philanthropist
အတုနှင့်အတူ...
အစိုးရအတု
အဲဒီအတုကြီးအောက်မှာမှ
အပြုံးအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

ဥပဒေအတု
အဲဒီအတုကြီးအောက်မှာမှ
ဆုံးဖြတ်ချက်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

လွှတ်တော်အတု
အဲဒီအတုကြီးအောက်မှာမှ
အခြေခံမူအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

နိုင်ငံသားအတု
အဲဒီအတုကြီးအောက်မှာမှ
မှတ်ပုံတင်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

တော်လှန်ရေးအတု
အဲဒီအတုကြီးအောက်မှာမှ
ကြွေးကြော်သံအတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

ဒုက္ခသည်အတု
အဲဒီအတုကြီးအောက်မှာမှ
ခံစားချက်အတုတွေ ကိုယ်စီနဲ့
လူအတုတွေက...။

အတုတွေကိုမှ
လိုက်လံတုပနေရဆဲ...။

တနေ့စစ်လာမလား
တနေ့မှန်လာမလားနဲ့
ထိုးလိုက်ရတဲ့ဖိုလ်...၊
ဝိဇ္ဇဓိုရ်တွေမှာ
ရင်ဘတ်ကြီးသာ
ဟောင်းလောင်းကျန်ခဲ့တယ်။

ဇော်မျိုးလွင်