ခွန်းမင်းထက်မှ

Friday, March 12, 2010

နင့်အတွက် ငါ ငါ့အတွက်မဟုတ်သော နင်

ငါ
မနက်ဖြန်ဆက်ရန်ခက်တဲ့
သူမ အကြည့်တွေနဲ့
ဘယ်လိုလျှောက်ရမယ်မသိတဲ့ ခြေလှမ်းများ
နင်မြင်နိုင်မယ်ဆိုခဲ့ရင်
ဒီလောက်ထိ
အထီးကျန်ဆန်ခဲ့မှာမှ မဟုတ်တာ
နင်မနေချင်တဲ့ ငါ့ရင်ဘတ်မှာ
ဘယ်လိုကျိန်စာဆိုးတွေရှိနေလဲ
ငါ့ဟာ............
နင်ပါ။
နင်ဟာ...ဘယ်သူအတွက်လဲ။
ဝင်ရိုးစွန်းအထိ စွန့်လွှတ်ထားတဲ့
ပိုင်ဆိုင်မှုတွေကို နင် မသိနိုင်ခဲ့ပါလား။
ငါ့က
နင်ကိုသိပ်ချစ်တယ်။
နင်........အရာရာထက်
နင်........
ငါ့ကို အဒီအတိုင်း မကြည့်ပါနဲ့
ချစ်တာ အပြစ်လား။
နင့်ကို ချစ်မိတဲ့အဖြစ်က
ငါ့နှလုံးသားအတွက် သေလမ်းပဲ
manetphyan@gmail.com

No comments:

Post a Comment