ခွန်းမင်းထက်မှ

Friday, March 12, 2010

ငါ မနက်ဖြန်ဆက်ရန်ခက်တဲ့ သူမ အကြည့်တွေနဲ့ ဘယ်လိုလျှောက်ရမယ်မသိတဲ့ ခြေလှမ်းများ နင်မြင်နိုင်မယ်ဆိုခဲ့ရင် ဒီလောက်ထိ အထီးကျန်ဆန်ခဲ့မှာမှ မဟုတ်တာ နင်မနေချင

မင်းနဲ့ စဆုံကတည်းက
ပျော်ရွှင်ခဲ့ရတဲ့ငါ
မထင်မှတ်ထားတဲ့
တစ်နေ့မှာ
မင်းကိုချစ်မိသွားခဲ့တယ်
တကယ်ဆိုရင် မင်းဟာ
ငါ့နှလုံးသားကို
တံခါးမခေါက်ပဲဝင်ရောက်ခဲ့သူပါ

လူတွေကမဖြစ်နိုင်ဘူးလို့
ပြောကြပေမယ့်
မမြင်ရတဲ့ ကံတရားကိုအားကိုးပြီး
မင်းကိုငါ
မျှော်လင့်စောင့်စားနေဆဲပါ

ငါတို့နှစ်ယောက်ရဲ့
ဝေးကွာလွန်းတဲ့ အခြေအနေတွေ
မင်းမရှိတဲ့ ငါ့ရဲ့အဖြစ်တွေ
ဆုံဆည်းခွင့်မရနိုင်သေးတဲ့
ငါတို့နှစ်ယောက်ရဲ့ ဘ၀တွေကို
ဘယ်တော့မှ အဆုံးသတ်ဖို့
မစဉ်းစားဖူးတာ
မင်းသိပါစေ............ချစ်သူ။

No comments:

Post a Comment