ခွန်းမင်းထက်မှ

Saturday, January 30, 2010

ကယန်းဒေသ သတင်းများ

လေးစားအပ်ပါသော ကယန်းမျိုးချစ်ညီအစ်ကိုတို့ခင်ဗျား ကျနော့်တို့ ကယန်းနယ်မြေတွင် ပြည်သူများစားဝတ်နေရေး အခက်ခဲရောက်နေပါတယ် ပညာရေးလည်း အရမ်းနှိမ့်ကျနေပါတယ် ဒါကြောင့် ပညာရပ်ခြားတွေ နေထိုင်သော ကယန်းလူမျိုးတို့ကို သိစေချင်ပါတယ် နောက်ပြီး ကျနော်တို့ အလယ်ကယန်းဒေသတွင် ကားလမ်းကို ကိုယ်ထူကိုယ်ထ ကြိုးစားပြီး ထိုးဖောက်နိုင်ခဲ့ပါပြီ ဗဟုန်းကနေ ဆီးဘူးသို့ ၂ နာရီအတွင်း ကားဖြင့် လွယ်ကုစွာ သွားလာနိုင်ပါတယ် အရင်ကဆို ဆီးဘူးကနေ ဗဟုန်းထိဆို တရက်ခရီး ကားစီးမှသွားရတယ် ဒါပေမယ့် ၀မ်းနည်းစရာတစ်ခုက ကားလမ်းသစ်ဖောက်ပြီးနောက်ပိုင်းမှာ (ကသံဖော) ကယန်းနယ်မြေမှာ အခြေချတာ ပိုများလာတယ် တပ်ရင်း နှစ်ခုတောင် အခြေချတယ်လို့ သိရပါတယ် ကယန်းလူမျိုးတို့ လွတ်လပ်စွာ သွားလာခွင့်မရတော့ဘူး ဖြစ်နေတယ် ဒါကြောင့် နိုင်ငံရပ်ခြားတွေ ရောက်ရှိနေသောသူများကို ရည်ရွယ်ခြင်းဖြင့် ရေးခဲ့ပါတယ် အကြံများပေးလိုနိုင်ပါသည်။။..............

Friday, January 29, 2010

Maddie Moore's Justin Bieber's One Time Official Contest Entry

အဆိုတော် JUSTIN BIEBER

ငါချစ်တဲ့ နင် နင်မချစ်တဲ့ ငါ

ငါချစ်တဲ့ နင် နဲ့ နီးဖို့

ငါကိုယ်တိုင် လမ်းတွေဖောက်ဖူးတယ်။

ငါချစ်တဲ့ နင့်ကို

မစွန့်လွှတ်နိုင်လို့

ငါနားလည်မှု့တွေပေးခဲ့တယ်

ငါချစ်တဲ့ နင့် မျက်နှာအလိုကျ

အလိုက်သိမှု့တွေ ပေးခဲ့တယ်

ငါချစ်တဲ့ နင်နဲ့

မဝေးချင်လို့ နင်လိုသမျှ သည်းခံခဲ့တယ်

ဒါပေမယ့် ငါချစ်တဲ့ နင်က

ငါ့လက်ကိုဖြုတ်ချ ခဲ့တယ်

အခုတော့ ငါချစ်တဲ့ နင်က

ငါ မဟုတ်တဲ့ သူကို

တစ်ဘ၀ လုံးပုံပြီး ချစ်မယ်တဲ့ လား ချစ်သူရယ်...။

♥♥♥♥♥အဖြူရောာင် နှလုံးသား ♥♥♥♥♥

ချစ်လားလို့တော့ မမေးပါနဲ့

ရူးမတတ်ခံစားခဲ့ဖူးပါတရ်

ရိုးသားလွန်းပြီး ဖြူစင်တဲ့အချစ်က

သက်သေပြဖို့ အဆင်သင့်ပါပဲ

ဖြူစင်တဲ့ နှလုံးသားနဲ့ ရင်းခဲ့ရလို့

ငါ့နှလုံးသား သွေးမရှိ ဖျော့နေရပါပြီ

သွေးမရှိလို့ သေရမယ်ဆိုရင်တောင်

ငါ့ချစ်သူ - - - မင်းအပေါ်ထားတဲ့

ငါ့အချစ်က ဖြူစင်တယ်ဆိုတာ သိစေဖို့

သွေးမရှိ အသေခံပါ့မယ် ။ ။ ။ ။ ။ ။

( ကြယ် ဖြူ လေး )

ချစ်သူအတွက်

နှုညံတိတ်ဆိတ်မှု့တွေနဲ့
ညင်သာစွာ ၀င်လာတဲ့
အချစ်တခုက
ပြန်ထွက်သွားတဲ့အခါ
မုန်တိုင်းတခုလို
ဘာလို့ပြင်းထန်ရတာလဲ.......

ချစ်နေတုန်းတော့ပျော်ရွှင်စေပြီး
လမ်းခွဲတော့မှဘာကြောင့်
နာကျင်ခံစားရတာလဲ
တကယ်ဆို
သေလောက်အောင်ချစ်ခဲ့တာပါ......

နောက်ဆုံးအလွမ်းတွေနဲ့
အဆုံးသတ်ရတော့မယ့်
အချစ်တခုအတွက်
မင်းဆီကမျှော်လင့်မိတာ
နှု့ညံတဲ့ အပြုံးလေးတစ်ပွင့်ပါဘဲ
.............................ချစ်သူ....

from myanmar planet

Saturday, January 23, 2010

ထိုင်းဖုန်းဖြင့် ပိုက်ဆံခိုး(အဲဟုတ်ပါဘူး) ပိုက်ဆံပို့ကြမယ်

ထိုင်းနိုင်ငံမှာ နေတဲ့သူငယ်ချင်းများအတွက် ရည်းစူးထားပါတယ်။ ကျွန်တော်တို့ တစ်ခြားသူငယ်ချင်းတစ်ယောက်က ပိုက်ဆံအရေးတစ်ကြီးလိုအပ်နေတယ်ဆိုကြပါစို့ဗျာ။ ကို့ဖုန်းမှာပိုက်ဆံရှိတယ်ဆိုရင်ပို့လို့ရပါတယ်။ 12 call and Dtac တော့ပို့လို့မရပါဘူး ကုမ္ပဏီတူမှရတာပါ။ ကဲကျွန်တော်က 12call သုံးတာဆိုတော့ ဒီအကြောင်းပဲပြောပါ့မယ်။ နောက်ကျမှ Dtac အတွက် ရေးပါဦးမယ်။

ကဲစကြရအောင်ဗျာ ပထမဦးဆုံး *140 ကိုခေါ်လိုက်ပါဗျာ ထိုင်းသူကပြောပါတယ် For english please press 1 ဆိုပြီးပြောပါလိမ့်မယ် အဲ့ဒါဆိုရင် 1 ကိုနှိပ်ပါဗျာ။ ပြီးတာနဲ့သူက ဆက်ပြောပါမယ် ငွေလွှဲမယ်ဆိုရင် 1 ကိုနှိပ်ပါလို့ ပြောလိမ့်မယ်။ ကိုက ငွေလွှဲမှာဖြစ်တဲ့အတွက် 1 ကိုထပ်နှိပ်လိုက်ပါ။ ပြီးတာနဲ့ ကိုလွှဲမယ့် ဖုန်းနံပါတ်ကို ပြောခိုင်းပါတယ်။ ကိုလွှဲမယ့်ဖုန်းနံပါတ်ကိုရိုက်ထည့်လိုက်ပါ။ အဲ့ ဒီနေရာမှာ ကျွန်တော့် ဖုန်းနံပါတ်ကို ရိုက်ထည့်လဲ စိတ်မဆိုးဘူးနော် ဟီးဟီး။ ဥပမာ- 0810781844 .. ပြီးတာနဲ့ သူက ၂၀ ပို့မှာဆိုရင် 1 ကိုနှိပ် 50 ပို့မှာဆိုရင် 2 ကိုနှိပ်၊ 100 ပို့မှာဆိုရင် 3 ကိုနှိပ်လို့ပြောပါမယ်။ ကိုပို့ချင်သလောက် ကို နှိပ်ပါ။ ပြီးတာနဲ့သူက ဆက်မေးပါမယ်။ သေချာလား သေချာတယ်ဆိုရင် 1 ကိုနှိပ်လို့ပြောပါမယ့်။ သေချာတယ် ငွေလွှဲချင်တယ်ဆိုရင်တော့ 1 ကိုနှိပ်လိုက်ပါ။ ကဲပြီးပါပြီဗျာ။

Friday, January 22, 2010

ထင်နေတာ မှားပြီ l ဆိုင်းဇီ

လှပသော ပုံပါ

Saturday, January 16, 2010

အွန်လိုင်းချစ်သူ

မြတ်နိုးစွာ ပြောခဲ့ကြတဲ့
အချစ်ပင်လယ် သမိုင်းတွေ
သက်ဆုံးတိုင် ရည်ရွယ်လို့
မင်းပေးခဲ့တဲ့ အိပ်မက်တွေထဲ
မျှော်လင့်ရင်း နစ်မွန်းနေခဲ့ရသူပါ . . .

အွန်လိုင်းရဲ့ တစ်စိတ်တစ်ပိုင်း
မာယာ ထောင်ချောက်တွေနဲ့
ချိုသာတဲ့ စကားလုံးတွေကြောင့်
နှလုံးသားက အချစ်တွေ
မှားယွင်းစွာ စတေးမိခဲ့တယ် . . .

ပြန်မဆုံနိုင်မယ့် အဆုံးအဖြတ်တွေ်
ရက်စက်စွာ ဖန်တီးခဲ့တဲ့
အွန်လိုင်းက ကောင်မလေးရယ် . . .
သုညရဲ့ ကောင်းကင်ကို
ငြိမ်းချမ်းခွင့် ပြုပါတော့ကွယ် . . . ။

ကျေနပ်ပါတယ်

ငါ့လက်နဲ့
ငါကိုယ်တိုင်ထုဆစ်ခဲ့တဲ့
အချစ်တခုကို ငါကိုယ်တိုင်
ဖျက်ဆီးပြစ်ရတော့မှာလား
တကယ်ဆို အချစ်က အရုပ်မဟုတ်ဘူးလေ.....

ဒါနောက်ဆုံးလို့
မင်းပြောလိုက်တာ
်အရမ်းကိုအေးစက်စက်ပါဘဲ
မင်းမျက်ကွယ်ပြုလိုက်ပြီပေါ့
ကြေမွနေတဲ့ နှလုံးသားတစုံကို

မသိသလိုလေနေလိုက်ပါ
ငါကတော့ သစ်ရွှက်တွေကြွေတာ
ကြည့်ပြီ ကြေကွဲနေလိုက်ပါမယ်
ရှေ့ဆက်ရမယ့်ဘ၀မှာ
အလွမ်းတွေက ဆီးကြိုနေပြီလေ.....
အလွမ်းတွေနဲ့ရှေ့ဆက်မယ့်
ဘ၀မှာ
လွမ်းနေရတာကိုကျေနပ်နေမိတယ်...........။

မျဉ်းပြိုင်လို အချစ်

ကောင်မလေးရယ် ...
သံယောဇဉ် နှောင်ကြိုးတွေ
ခိုင်မြဲစွာ မရစ်ပတ်ခင်
အချစ်မဲ့ ကောင်းကင်ရဲ့
အဝေးတစ်နေရာကို
တိတ်တဆိတ် ထွက်သွားပါရစေ ...

မဆုံနိုင်တဲ့ မျဉ်းနှစ်ကြောင်းလို
မျဉ်းပြိုင်တွေ မဟုတ်ပေမယ့်
အဆိပ်သင့် ဒဏ်ရာတချို့
နှလုံးသားမှာ မထင်ဟပ်စေချင်လို့
ရင်ခုန်သံ နေသားမကျခင်
ကြေကွဲစွာ မျိုသိပ်ရင်း
ရှောင်ဖယ် နေခဲ့မိတာပါ ...

မင်းရဲ့ အနာဂတ်ကို
လှပမယ့် ကောင်းကင်တစ်ခု
နှလုံးသားနဲ့ စတေးပြီး
ကြေကွဲစွာ ဖန်တီးပေးခဲ့သူရဲ့
အချစ်စစ်တွေ အရာ ထင်လာမှာပါကွယ် ... ။

ငြိမ်းချမ်းရေးအတွက် ကဗျာလေးပါ

"လောကပါလ"ဆိုတာ ငြိမ်းချမ်းခြင်း၊တရာမျှတခြင်း၊လွတ်လပ်ခြင်းတို့ဖြစ်တယ် လူတိုင်းမှာ အကျိုးခံစားခွင့်ရှိတယ် ဒါပေမယ့် ကျနော်တို့မှာ လောကပါလကို ခံစားခွင့်မရသေးဘူး အဲဒါကြောင့် ကျနော့်တို့နိုင်ငံမှာ လောကပါလ သုံးပါးကို အရမ်းလိုအပ်နေတယ် ထိုလောကပါလကို ရောင်းတဲ့သူရှိခဲ့ရင်ကောင်းမယ်နော်
ငြိမ်းချမ်းကို ငွေပေးပြီးဝယ်လို့ရမယ်ဆိုရင်
ရောင်းသူကို ပြောပေးကြပါ
ကျနော့်ဆီခဏလေး ၀င်ခဲ့ပါလို့
ဘာဖြစ်လို့လည်းဆိုတော့ ကျနော်ငြိမ်းချမ်းခြင်းကို ဈေးဘယ်လောက်များများ ကျနော်ဝယ်ဖို့ အဆင်သင့်ပါ

အ၀ယ်တော်............

ချစ်သူအတွက်ရည်စူးပြီးရေးထားတာပါ

ချစ်သူရဲ့ လက်တစ်ဖက်ကို
ဘယ်အချိန် ဆုပ်ကိုင်ရမလဲဆိုတဲ့စိတ် နဲ့ငါ
ငယ်ရာကနေ ကြီးလာခဲ့တာပါ။

ပိန်ချုံးနေတာကလည်း နင့်ကိုလွမ်းတဲ့စိတ်ကြောင့်ပေါ့

ဘာပဲဖြစ်ဖြစ်
မျှော်လင့်ချက်လေး အတန်အသင့်အတွက်နဲ့
ဆက်ပြီးအသက်ရှင်နေရဦးမယ်.....

သက်တန့်တစ်ပိုင်းတော့ ဆေးခြယ်ထားတယ်
ကျန်တဲ့တစ်ဝက်ကို နင် တာဝန်ယူပေးပါ။

အမည်းရောင်တွေမရှိပါစေနဲ့...
ငါပဲလူဆိုးလုပ်ပါ့မယ်
မှောင်မဲမနေပါစေနဲ့ အလင်းရောင်တွေယူထားလိုက်ပါ

နင့်ဆီက ကမ္ဘာတစ်ခြမ်းအတွက်
နောက်ကလိုက်ခဲ့ချင်တယ် ...

ငါမျက်စိမလည်ဖို့ ချစ်တယ် လို့ပြောပြီး
အကြိုတော်တွေလွှတ်ပေးပါ.....

ကျနော့်ဖြစ်ချင်တာကတော့............

တကယ်တော့..လူ့ဘ၀ကြီးက
ခဏလေးရယ်ပါ
ပျော်ရွှင်ချိန်ဟာလည်းနည်းလွန်းပါတယ်
စိတ်ညစ်စရာ..ပူဆွေးစရာ တွေက..
များလွန်းပါတယ်
လူတိုင်းကို
ပျော်ရွှင်စိချမ်းသာအောင်
အမြဲတမ်း
ကျွန်တော်..စွမ်းဆောင်ချင်တယ်
သူတပါးကို ကူညီရရင်
ကျွန်တော်ပျော်တယ်..
ပျော်ပျော်နေတက်တာ
ကျွန်တော့်...စရိုက်ပါ......
လူတိုင်း ..လူတိုင်း ..လိုအင်ဟူသမျှပြည့်ဝကြပါစေ..........

အမေပေးတဲ့ အသိတရား

ခုဆို မေမေမွေးခဲ့တာ
သားအသက် ၂၁နှစ်ရှိပြီ။
အမေ့မျက်နှာ ညိုးရင်း၊ ငယ်ရင်းက
သား... လူလားမြောက်ခဲ့တာ...။ ။

အမေ...
မျက်ရည် သိုသိပ်
အံကိုကြိတ်ကာ
နွေတွေ၊မိုး ဆောင်း
အချိန်တိုင်းပြောင်းလည်း...။ ။

ဒီမှာ... ငါ့သား
လောကအလည်
မားမားလျှောက်လို့
ဘုရားကို သိ
သစ္စာရှိဖို့ အမေသင်ခဲ့မယ်သား...။ ။

သတ္တိကိုမွေး
ရင်ထဲအေးဖို့
အမြဲဆုတောင်းပါသား...။ ။

တစ်နေ့တော့သွားရမှာပဲ
တွေးကြောက်ဖို့ထက်
အသိရှိဖို့တာကြိုးစားနော်..သားတဲ့...။ ။

(အမေ သားအားလုံးကို ပြန်ကြားနေရတယ်ဗျာ)

ကယန်းသီချင်း စောင့်နေပါချစ်သူ၇ယ်

လွမ်းဖို့ချစ်ခဲ့တာလား

သက်ပြင်းတစ်ချက် ရှိုက်လိုက်တိုင်း
ငါ့ရင်ထဲ...................... .ပိုပီပြင်လာတယ်
အရမ်းပဲချစ်နေပြိ.............. .။

လူတွေကလဲ သူ့ခံစားချက်နဲ့သူ
ကျွန်တော်ကလဲ ကျွန်တော့်ခံစားချက်နဲ့ ကျွန်တော်
မျက်လုံးကိုစုံမှိတ် မင်းနာမည်ကိုရေရွတ်
ငါ့ရင်ထဲကြည်နူးခြင်းနဲ့ ပြည့်ကျပ်နေခဲ့ပြီ။

ဘာလို့ အဲလောက်ချစ်ရတာလဲ
ငါ့ကိုယ်ငါတောင်မသိတော့ဘူး..... .။

R ဇာနည်သီချင်းလေးကြိုက်သူများအတွက်

Friday, January 15, 2010

အချစ်စတင်မွေးဖွားခြင်း

မင်းနဲ့စတင်ဆုံတဲ့ရက်

ဒီတစ်သက်မေ့မရပါဘူးလေ..

ချိုသာတဲ့မင်းရဲ့အပြုံး

ဒို့မျက်လုံးနဲ့ဆုံတွေ့ခိုက်

ရင်လှိုက်ရှုမော

သွေးကြောတွေရပ်တန့်

တဖျတ်ဖျတ်တုန်

ကိုယ့်ကိုယ်ကို မယုံနိုင်အောင်ဘဲ

မွေးရာပါ ဒို့အသဲတွေ

ပြောင်းလဲဖောက်ပြန်လျှက်

အချစ်ဆိုတာ စတင်ခဲ့ပါပြီ်........

Thursday, January 14, 2010

ချစ်သူနှင့် ရည်းစားဘယ်လိုကွာသလဲ?

ချစ်သူ ဆိုတာ.........
လူတစ်ယောက်ကဘယ်လောက်ပဲ ရည်းစားထားခဲ့ပါစေ......
နောက်ဆုံးတော့သူတစ်ကယ်ချစ်တာ ချစ်ခဲ့တာတစ်ယောက်ပဲရှိပါတယ်........
ချစ်သူကိုတော့တစ်ဘဝလုံးအတွက် ပုံအပ်ပြီးလက်တွဲရမယ့်သူလို့
ရွေးချယ်လိုက်တဲ့သူကိုချစ်သူလို့ ဘာသာပြန်ပါရစေ........
ရင်ထဲကအချစ်စစ်....၊အချစ်မှန်.....၊မြတ်နိုးတွယ်တာမူတွေနဲ့
တည်ဆောက်ထားတယ်........သူ့မှာတော့ရည်ရွယ်ချက်ရှိလာပြီ.....
အနာဂတ်ရှိလာပြီ........သူနဲ့ကိုယ်လက်ထပ်ပြီးရင်ဘာလုပ်ကြမှာလဲ.......
ဘယ်လိုနေမှာလဲ.......အများကြီးပေါ့...........
သူကအဆက်ဖြတ်သွားရင်တောင်ကိုယ့်မှာအနာဂတ်ပျောက်သွားနိုင်တယ်.......
ဘဝဆုံးပြီးအသက်ပါဆုံးသွားတတ်တယ်............
ချစ်သူမှာလှတာမလှတာမရှိဘူး.......ဂုဏ်မရှိဘူး.....မာန်မာနကင်းမဲ့တယ်........
တစ်ယောက်ကိုတစ်ယောက်နားလည်မူအပြည့်ရှိတယ်........
ဘာဆိုဘာမှမရှိဘူး.......သူ့ကိုချစ်နေရရင်ပဲကျေနပ်နိုင်တယ်......
သူကိုလည်းပြန်ချစ်စေချင်တယ်....ကိုယ်ချစ်သလောက်ပေါ့.........
သံယောဇဉ်တွေမေတ္တာတွေတွယ်တာမူတွေတမ်းတမူတွေ
သတိရမူတွေအားလုံးပါဝင်နေတယ်..........
ချစ်သူအဖြစ်တစ်ယောက်ယောက်ကိုရွေးချယ်လိုက်ပြီဆိုရင်တော့
သူနဲ့ပတ်သတ်ရင်အရာရာကိုရင်ဆိုင်နိုင်ရမယ်..........
သူဘာပဲလုပ်ခဲ့.....လုပ်ခဲ့ခွင့်လွှတ်နိုင်ရမယ်......
ခွင့်လွှတ်နိုင်လောက်တဲ့အတိုင်းအတာထိပေါ့ဗျာ.........
သူကိုပျော်ရွင်မူတွေပေးရမယ်.......သူနဲ့တွေ့ရင်ရင်တွေခုန်နေတာပေါ့.......
သူ့ကိုတန်ဖိုးထားတတ်ရမယ်........တစ်ချို့ဆိုချစ်သူနဲ့ပတ်သတ်တဲ့
အရာအားလုံးကိုအချိန်...နာရီ....မိနစ်.....စက္ကန့်တောင်မလွဲအောင်
တန်ဖိုးထားတတ်ကြတယ်......နောက်ဆုံးတော့
ချစ်သူအဖြစ်ကနေလက်တွဲပြီးဘဝကိုတည်ဆောက်ကြတာပေါ့.......


ရည်းစား ဆိုတာ .....
ရည်းစားဆိုတာတစ်ခဏတာလက်တွဲရတဲ့သူ...........လို့
ဘာသာပြန်ချင်တယ်......
ဘာလို့လဲဆိုတော့ရည်းစားဘဝကရည်ရွယ်ချက်မရှိဘူး.......
တာဝန်မရှိဘူး.........သူ့အနာဂတ်မှာလည်းသူမရှိဘူး......
ကိုယ့်အနာဂတ်မှာလည်းသူလုံးဝမရှိပါဘူး........
သူပြတ်ရင်ကိုယ်ပြတ်လို့ရတယ်.....အတားအဆီးမရှိဘူး........
ရည်းစားထားတယ်ဆိုတာသူငယ်ချင်းတွေရှေ့မှာမော်ကြွားရုံ........
ပန်းခြံတွေလျှောက်လည်ရုံလောက်နဲ့တင်အဆုံးသတ်သွားပါပြီ............
ပြောရရင်သူနဲ့ကိုယ်အတွယ်အတာဘာမှမရှိပါဘူး........
ဒီတစ်ယောက်ပြတ်ရင်နောက်တစ်ယောက်ပါ........
တစ်ချို့ဆိုရည်းစားဘဝမှာတင်ဘဝကိုစတေးလိုက်ရတာတွေရှိပါတယ်......
အင်း.......ရည်းစားထားပြီဆိုရင်တော့ရည်းစားကို
ရည်းစားနဲ့တူအောင်ထားဖို့တော့လိုအပ်တာပေါ့နော်...........
ဘယ်လိုပဲဖြစ်ဖြစ်ရည်းစားအဆင့်နဲ့တော့ဘဝကို
တည်ဆောက်လို့မရတာတော့သေချာတယ်.......
ရည်းစားမှာအဆုံးသတ်မရှိဘူး......ကြိုက်သလောက်ထားကြတယ်.......

အနက်ရှိုင်းဆုံး

ဘာလို့လဲ
ဒီအချိန်ဆို ဒီလောက်ခံစားနေရတာ
အချစ်တခုကြောင့်မှဟုတ်ရဲ့လား...

လွယ်လွယ်နဲ့ မေ့ပျောက်နိင်မယ့်
ဆေးရှိရင်တောင် မသောက်ပါဘူး
ငါ့အတွေးတွေးထဲက
မင်းပုံရိပ်တွေ
ပျောက်ကွယ်သွားမှာ
စိုးလို့ပါ...

ကောင်မလေးရေ
မင်းအချစ်တခုကို
မပိုင်ဆိုင်လိုက်ရပေးမဲ့
စိတ်ကူးယဉ်အိမ်မက်တွေနဲ့
အတွေးတွေကိုတော့
ငါပိုင်တယ်လေ........

လွယ်လွယ်နဲ့မေ့နိင်မှာမဟုတ်ဘူး
နှလုံးသားရဲ့ အနက်ရှိင်းဆုံးမှာ
မင်းဟာ အမြဲရှိနေလို့လေ......။v

Wednesday, January 13, 2010

Breaking free.lyrics

မောင့် အလုပ် နဲ့ မ အလုပ

အချက်အပြုတ် မောင့် အလုပ်
အပြေးအလွှား မောင် ဈေးသွား
ဖွတ်အလျှော် မောင် ပဲနော်
ကလေးထိန်းကျောင်း မောင် ပဲကောင်း
ကျောင်းကြိုကျောင်းပို့ မောင် အဖို့
ထင်းမီးသွေးဝယ် မောင် ပဲကွယ်
ဆန်ဆီရှာလည်း မောင် ပါပဲ
ဖျားနာပြုစု မောင် ပဲကု
သို့သော်.............သို့သော်
အင်္ကျီဝယ်ချုပ် မောင် မဟုတ်
လက်ဝတ်ရတနာ မ အတွက်ပါ
ဆလင်းဘက်အသစ် မ အတွက်ဖြစ်
ဗိုလ်ချုပ်ဈေးသွား မောင် မတား
အလှပြင်ဆိုင် မ ပဲထိုင်
အသစ်အဆန်းအထည် မ ပဲဝယ်
ဘာပဲပြောပြော မ သဘော......... မ သဘော။

ကယန်းကာရာအိုကေများ