ခွန်းမင်းထက်မှ

Saturday, January 16, 2010

ကျေနပ်ပါတယ်

ငါ့လက်နဲ့
ငါကိုယ်တိုင်ထုဆစ်ခဲ့တဲ့
အချစ်တခုကို ငါကိုယ်တိုင်
ဖျက်ဆီးပြစ်ရတော့မှာလား
တကယ်ဆို အချစ်က အရုပ်မဟုတ်ဘူးလေ.....

ဒါနောက်ဆုံးလို့
မင်းပြောလိုက်တာ
်အရမ်းကိုအေးစက်စက်ပါဘဲ
မင်းမျက်ကွယ်ပြုလိုက်ပြီပေါ့
ကြေမွနေတဲ့ နှလုံးသားတစုံကို

မသိသလိုလေနေလိုက်ပါ
ငါကတော့ သစ်ရွှက်တွေကြွေတာ
ကြည့်ပြီ ကြေကွဲနေလိုက်ပါမယ်
ရှေ့ဆက်ရမယ့်ဘ၀မှာ
အလွမ်းတွေက ဆီးကြိုနေပြီလေ.....
အလွမ်းတွေနဲ့ရှေ့ဆက်မယ့်
ဘ၀မှာ
လွမ်းနေရတာကိုကျေနပ်နေမိတယ်...........။

No comments:

Post a Comment