ခွန်းမင်းထက်မှ

Saturday, January 16, 2010

မျဉ်းပြိုင်လို အချစ်

ကောင်မလေးရယ် ...
သံယောဇဉ် နှောင်ကြိုးတွေ
ခိုင်မြဲစွာ မရစ်ပတ်ခင်
အချစ်မဲ့ ကောင်းကင်ရဲ့
အဝေးတစ်နေရာကို
တိတ်တဆိတ် ထွက်သွားပါရစေ ...

မဆုံနိုင်တဲ့ မျဉ်းနှစ်ကြောင်းလို
မျဉ်းပြိုင်တွေ မဟုတ်ပေမယ့်
အဆိပ်သင့် ဒဏ်ရာတချို့
နှလုံးသားမှာ မထင်ဟပ်စေချင်လို့
ရင်ခုန်သံ နေသားမကျခင်
ကြေကွဲစွာ မျိုသိပ်ရင်း
ရှောင်ဖယ် နေခဲ့မိတာပါ ...

မင်းရဲ့ အနာဂတ်ကို
လှပမယ့် ကောင်းကင်တစ်ခု
နှလုံးသားနဲ့ စတေးပြီး
ကြေကွဲစွာ ဖန်တီးပေးခဲ့သူရဲ့
အချစ်စစ်တွေ အရာ ထင်လာမှာပါကွယ် ... ။

No comments:

Post a Comment