ခွန်းမင်းထက်မှ

Saturday, January 16, 2010

အမေပေးတဲ့ အသိတရား

ခုဆို မေမေမွေးခဲ့တာ
သားအသက် ၂၁နှစ်ရှိပြီ။
အမေ့မျက်နှာ ညိုးရင်း၊ ငယ်ရင်းက
သား... လူလားမြောက်ခဲ့တာ...။ ။

အမေ...
မျက်ရည် သိုသိပ်
အံကိုကြိတ်ကာ
နွေတွေ၊မိုး ဆောင်း
အချိန်တိုင်းပြောင်းလည်း...။ ။

ဒီမှာ... ငါ့သား
လောကအလည်
မားမားလျှောက်လို့
ဘုရားကို သိ
သစ္စာရှိဖို့ အမေသင်ခဲ့မယ်သား...။ ။

သတ္တိကိုမွေး
ရင်ထဲအေးဖို့
အမြဲဆုတောင်းပါသား...။ ။

တစ်နေ့တော့သွားရမှာပဲ
တွေးကြောက်ဖို့ထက်
အသိရှိဖို့တာကြိုးစားနော်..သားတဲ့...။ ။

(အမေ သားအားလုံးကို ပြန်ကြားနေရတယ်ဗျာ)

No comments:

Post a Comment