ခွန်းမင်းထက်မှ

Thursday, January 14, 2010

အနက်ရှိုင်းဆုံး

ဘာလို့လဲ
ဒီအချိန်ဆို ဒီလောက်ခံစားနေရတာ
အချစ်တခုကြောင့်မှဟုတ်ရဲ့လား...

လွယ်လွယ်နဲ့ မေ့ပျောက်နိင်မယ့်
ဆေးရှိရင်တောင် မသောက်ပါဘူး
ငါ့အတွေးတွေးထဲက
မင်းပုံရိပ်တွေ
ပျောက်ကွယ်သွားမှာ
စိုးလို့ပါ...

ကောင်မလေးရေ
မင်းအချစ်တခုကို
မပိုင်ဆိုင်လိုက်ရပေးမဲ့
စိတ်ကူးယဉ်အိမ်မက်တွေနဲ့
အတွေးတွေကိုတော့
ငါပိုင်တယ်လေ........

လွယ်လွယ်နဲ့မေ့နိင်မှာမဟုတ်ဘူး
နှလုံးသားရဲ့ အနက်ရှိင်းဆုံးမှာ
မင်းဟာ အမြဲရှိနေလို့လေ......။v

No comments:

Post a Comment