ခွန်းမင်းထက်မှ

Thursday, February 25, 2010

နှုတ်ဆက်ခွင့်လေးပေးပါနော်.

ကလေးရေ..
ဆောင်းကုန်လို့ နွေတောင်ကူးလာပြီနော်...
ရာသီတွေပြောင်းပေမယ့်
အချစ်တွေမဟောင်းဘူးလို့ ဆိုခဲ့ဖူးတဲ့သစ္စာ..
ဘယ်ရာဇ၀င်မှာများ ကျန်ခဲ့လေသလဲနော်..
အေးမြတဲ့ဆောင်းတွင်းတည်းကစလို့
ရင်မှာမပြတ် ပူလောင်ခဲ့တဲ့ငါ..
နွေရောက်တဲ့အခါမှာတော့..
မီးတောက်များကိုဖြတ်ကျော်ရင်းနဲ့ပေါ့..
အရိပ်စစ်လေးတစ်ခုကိုမျှော်ကိုးလို့
ဓားတောင်ကိုကျော် မီးပင်လယ်ကိုဖြတ်မယ်လို့
တစ်ခါမှမဟစ်ကြွေးဖူးတဲ့ငါ..
နင်းလျှောက်နေတာက ကန္တာရဆူးပင်တွေ..
ကလေးရေ...
ငါကလေးစိတ်နဲ့တုန်းကတော့...
မင်းကငါ့ထက်ငယ်ပေမယ့်.. ကလေးချင်းမို့ စာနာတတ်တဲ့ငါ.
လူကြီးစရိုက်ကို ချက်ချင်းပြောင်းယူရတဲ့အခါ..
ပြတ်သားရက်စက်တတ်သွားတဲ့ငါ...
ငါ့ကိုယ်ငါတောင် မထင်ရက်ခဲ့ဘူးဟာ..
ငါတအားပြောင်းလဲသွားခဲ့သလို..
တအားလည်းဆုံးရှုံးခဲ့ရတယ်...
ငါနှမြောဆုံးအရာကလေ..
တချိန်တုန်းက ဖြူစင်လွန်းတဲ့..
ငါ့ရဲ့အချစ်တွေ နားလည်ပေးတတ်မှုတွေရယ်.
နင့်ဆီက ပြိုင်ဘက်ကင်းလှတဲ့ အကြင်နာတွေရယ်..
နင့်အတွက်ရည်ရွယ်ထားခဲ့ပေမယ့်..
နင့်ပယောဂနဲ့ မီးလောင်သွားခဲ့တဲ့..
ငါ့ရဲ့ လက်ဆောင်လေးရယ်ပါ...
တကယ်လို့သာ..
ဒါတွေအားလုံးဆုံးရှုံးရတာဟာ.. ငါမက်မောမိတဲ့အရိပ်စစ်အတွက်
ထိုက်တန်တဲ့ပေးဆပ်မှုတွေဆိုတာသာ
ငါစောစောကသိခဲ့ရင်..
အိုအေစစ်ကိုရည်မှန်းပြီးတော့ လောကကြီးကိုရင်ဘောင်တန်းခဲ့မိမှာမဟုတ်ဘူးကွာ..
ခုချိန်မှာတော့...
ကလေးရယ်..
ဖြစ်လေရာဘ၀တိုင်းမှာ.. ဝေးကွာခြင်းတွေကင်းရပါစေတော့နော်..
ဒီဘ၀ကလွဲရင်ပေါ့...

No comments:

Post a Comment